Uni#
"Jack"
"ဟုတ် ပြောပါ boss company သွားဖို့လည်းအဆင်သင့်ပါ"
"ငါ ဒီရက်ပိုင်း company မသွားတော့ဘူး အခုငါ့ကိုတစ်ခုလုပ်ပေး"
"ဟုတ် ပြောလေ ကျွန်တော်ဘာလုပ်ပေးရမလဲ"
"ငါသဘောကျနေတဲ့ ဟိုကောင်လေးအလုပ်လုပ်တဲ့ ဆိုင်ကိုသွား ပြီးရင် အဲ့မှာငါ့ကိုအလုပ်လုပ်ရအောင် စီစဉ်ပေး"
"ဟမ် boss ညကအိပ်မပျော်ဘူးလား နေမကောင်းဘူးလား"
"အိပ်လည်းပျော်တယ် နေလည်းကောင်းတယ် ငါခိုင်းတဲ့အလုပ်ကိုသာလုပ်စမ်းပါ"
"Boss ကအဲ့ဆိုင်မှာ အချိန်ပိုင်းလုပ်မလို့လား bossပုံစံနဲ့အဆင်ပြေပါ့မလား"
"အာ ဒီကောင်ငါလုပ်လို့နာတော့မယ် မင်းစကားငါနားထောင်ရမှာလား ငါစကားမင်းနားထောင်မှာလား"
"Boss စကားကိုကျွန်တော် နားထောင်မှာပါ"
"အေး အဲ့ဆို သွားတော့ ငါလုပ်ခိုင်းတာကိုသာရအောင်သွားလုပ်ခဲ့ ငါအဲ့ဆိုင်မှလုပ်ရမှကိုရမယ်"
"ဟုတ်ဟုတ် ကျွန်တော်အခုပဲသွားစီစဉ်လိုက်မယ်"
"ဟုတ်ပြီ ပိုက်ဆံလိုချင်လိုလိမ့်မယ် များများယူသွား ကြားလား ပါးစပ်တော့လုံအောင်ပိတ်ခဲ့နော်"
"ဟုတ်ကဲ့ပါ boss ရဲ့ စိတ်ချပါ"
"အေး"
Jackလည်း jkခိုင်းတာကြောင့် အပြင်ထွက်သွားပြီး ဆိုင်ကိုထွက်လာခဲ့လိုက်သည်။
At market..
"ဒီဆိုင်က ဆိုင်ရှင်ကဘယ်သူများလဲ"
"အော် ကျွန်မပါ ဘာကိစ္စရှိလို့လဲ"
"လူချင်းနှစ်ယောက်ထဲပြောချင်လို့ ခဏလောက်လိုက်ခဲ့ပေးမလား"
"ရပါတယ် , Lili ရေ"
"ဟုတ် သူဌေး"
"ဆိုင်ခဏကြည့်ထားလိုက်ပါဦး အမခဏအရေးကြီးစကားပြောစရာရှိလို့ taeလာမှလူလဲလိုက်ပေါ့ ဟုတ်ပြီလား"
"ဟုတ်ဟုတ် သူဌေး ကောင်းကောင်းသွားပါ"
"အေးအေး"
YOU ARE READING
Psycho👿 (Complete)
Fanfictionဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။