Review 1
'နွေကို ဘယ်လိုမြင်သလဲ မောင်။
ကျွန်မ မြင်ရတဲ့ နွေကတော့ သိပ်ကို လှပတာ။
မောင်က နွေကို ချစ်တယ်။
ကျွန်မက နွေရောင် ဆိုတဲ့ မောင့်ကို ချစ်တယ်။
မောင် ကျွန်မကို ကျောခိုင်းနေတော့ မောင့်ရဲ့ အလုံးစုံကို ကျွန်မ မြင်နေရတာပေါ့။
မောင်ရဲ့ နူးညံ့ခြင်း သိမ်မွေ့ခြင်း ခန့်ညားခြင်း ချောမောခြင်းတွေ
ပြီးတော့ မောင့်ရဲ့ ရှောင်ဖယ်ခြင်း ဉပေက္ခာတွေ ကြောက်လန့်ခြင်းတွေ စိုးရိမ်မှုတွေ။
ကျွန်မက မောင့်ရဲ့ ပန်းချီကား တစ်ချပ်ပါ။
မောင့်အကြိုက် ဆေးခြယ်ပြီး ဘောင်ခတ်ထားခဲ့တဲ့ တန်ဖိုးကြီး ပန်းချီကားတစ်ချပ်။
မောင်က လှပအောင်သာ ခြယ်ခဲ့ပြီး ပျော်ရွှင်အောင် ဖန်တီးမသွားတဲ့ လွမ်းဆွတ်ဖွယ် ပန်းချီကား တစ်ချပ်။
နွေကို ချစ်တဲ့ မောင်ရယ်
မောင့်ကို ချစ်တဲ့ ကျွန်မရယ်
ပန်းချီကားလေးထဲမှာ...။