Review 2
ကျွန်တော်က ရှုခင်းတွေကို နှစ်သက်တယ်။
ငြိမ်သက်ပြီး လှပတဲ့ ရှုခင်းတွေဟာ ကျွန်တော်နှလုံးသားထဲထိ စီးဝင်ပြီး ကျွန်တော့် စိတ်ကို ပုံဖော်နေတတ်တယ်။
ရှုခင်းတွေလို အေးချမ်းတဲ့ သူမလေးကိုလည်း ကျွန်တော်ဟာ အနက်ရှိုင်းဆုံး ချစ်မိခဲ့ပါတယ်။
အနုပညာဆန်တဲ့ သူမဟာ စိတ်ခံစားချက်ကလည်း ပြင်းထန်တယ် ဆိုတာ ကျွန်တော်သိတယ်။
ကျွန်တော် ကျောခိုင်းလိုက်တယ်။
'လွမ်းတာ ရှိရင် နာတာလေးနဲ့ ဖြေသိမ့်လိုက်ပါ လွှာ'
ကျွန်တော်က သိပ်လှတဲ့ ရှုခင်းတွေဆို ငေးကြည့်ရတာပဲ နှစ်သက်တယ်။
ထို့အတူ သူမကိုလည်း.....။