' လီ ဘာလို့ငိုင်နေတာလည်းနေမကောင်းဘူးလား '
ချယ့်လက်တွေဟာလီ့ပါးပြင်ကိုရောက်လာကာကိုယ်ပူစမ်းနေခဲ့သည်။
' ကိုယ်လည်းမပူပါဘူး '
' ဒီတိုင်းဘဲချယ် ခံစားချက်သိပ်မကောင်းလို့ပါ '
' ဟင် ဘာဖြစ်တာလည်း လီ အဆင်မပြေစရာတစ်ခုထုရှိခဲ့လို့လား '
' အာ အဲ့လိုမဟုတ်ပါဘူး ဒီတိုင်းအိမ်ကိုလွမ်းလို့ပါ '
စိတ်မပူစေဖို့အလို့ငှာလီမုသားစကားပြောမိသည် အမှန်တော့စောနကဂျိန်းပြောတဲ့စကားကြောင့်ရင်ထဲမကောင်းပေ....။
' ငါ့ လီ လေးကအိမ်လွမ်းနေတာဘဲ လာပါအုံးဖက်ထားပေးမယ် '
ချယ်ဖက်လာတာကိုငြိမ်ခံနေလိုက်သည် ချယ်အချစ်ဆိုတာဘယ်လိုမျိုးလည်းငါသိချင်လာပြီ။
' ဒါဆိုငါတို့မားမားပြုတ်စားကြမယ်လေ '
' အင်းလုပ်ကြမယ်လေ '
မာရွန်ဟာအိတ်ထဲကနေအိုးသေးသေးလေးတစ်ခုကိုထုတ်လာသည် မားမားထုတ်တွေလည်းပါသေးသည်။
' ဝါးးးမာရွန်အရမ်းမိုက်တာဘဲ '
' ငါတော်တာငါသိတယ်လာပါဒီနေ့ညအဆောင်မှာငါတို့ကလွဲပြီးဘယ်သူမှမရှိကြဘူးအိမ်ပြန်ကုန်ကြပြီ '
' သတင်းကတိကျလှချည်လား '
' အဆောင်မှူးပြောတာ '
' အော် ...'
' လာပါငါတို့စားကြတာပေါ့ '
ငါးယောက်သာတခြားအကြောင်းအရာတွေကိုမေ့ကာပျော်ပျော်ကြီးစားသောက်နေကြသည် ညနက်လာတော့အကုန်လုံးယူနိုဆော့ကြသည်။
' ရားးလာလီဆာမညစ်နဲ့နော် '
' ငါမညစ်ပါဘူး နင်တို့ငါ့ကိုဘယ်သူနိုင်မလည်းကြည့်ကြသေးတာပေါ့ '
' အရူးကောင် '
' ကဲအပြာဘယ်သူ့မှာ ကျန်သေးလည်း '
' ငါ့မှာ..ဟားးးငါနိုင်ပြီ '
' လာလီဆာ မကျေနပ်ဘူး '