ဆရာဝန်ထွက်သွားတာနှင့်အကုန်လုံးဂျိန်းအနားကိုတိုးလာကြသည်။
' တော်သေးတာပေါ့ဂျိန်းရယ် နင်မဟုတ်ရင်အကြာကြီးဆေးသွင်းရမှာအခုရောဘယ်လိုလည်းသက်သာလား '
' သက်သာပါတယ် '
' နင်ဒီမုန့်တွေစားတာဘဲလားပြောတော့အသင့်စားတွေမကြိုက်ဘူးဆို '
စားပွဲပေါ်ကပေါင်မုန့်တွေကိုကြည့်ကာဂျိန်းပြုံးလိုက်မိသည် အပြင်စာတွေကမာနိုဘန်ပေးတာလေဘယ်လောက်စားကောင်းတယ်ထင်လည်း ။
' မာနိုဘန်ပေးခဲ့တာညကလည်းသူဘဲငါ့ကိုအဖျားကျအောင်လုပ်ပေးခဲ့တာ '
' ခနလေးဟိုသွေးအေးတဲ့အခန်းဖော်ကလား '
' ငါ့ဘေးကလီဆာလား အဲ့တာကြောင့်ဖြစ်မယ်သူဒီတစ်မနက်လုံးအိပ်ငိုက်နေတာ '
' ဟုတ်လား ငါကြောင့်နဲ့ '
ဂျိန်းစိတ်ထဲအားနာစိတ်ဝင်သွားရသည်။
' ခနလေးခနလေးငါသိပ်မသင်္ကာတော့ဘူး '
ဂျီဆူးလ်ဟာဂျိန်းအနားဝင်ထိုင်လိုက်သည်။
' ဒီမုန့်ကမာနိုဘန်ပေးတာနင်ကအဲ့တာကိုကုန်အောင်စားတာအခွန်ဘဲကျန်တယ် ညကလည်းသူကအဖျားကျအောင်လုပ်ပေးတာသိပ်တော့မသင်္ကာစရာဘဲ '
' ဘာကမသင်္ကာစရာလည်း အခန်းဖော်နေမကောင်းလို့လုပ်ပေးတာလေ '
' နင်မသိဘူးအိုင်ရင် ငါမသင်္ကာဖြစ်နေတာဂျိန်းကို '
' ဟမ် ငါ့ကို...'
အကုန်လုံးမေးခွန်းထုတ်စရာတွေဖြစ်လာသည် ဘာလို့ဆိုအဖွဲ့ထဲမှာဆူးလ်ဟာခန့်မှန်းတာအရမ်းတော်တာသူထင်ပြီ သူမသင်္ကာဖြစ်ပြီဆိုအဲ့ကိစ္စကသူတွေးတာအကုန်မှန်တယ် သူကလူအကဲခတ်အရမ်းတော်တာလေ။
' ဟုတ်တယ် '
' ဘာဖြစ်လို့လည်း '
' ဟမ် ငါတို့မုန့်ကျွေးရင်ကျမသန့်တာမစားဘူး အိမ်ကပို့ပေးတာမှ လူရှုပ်ရင်မကြိုက်ဘူးအဆင်မပြေဘူးအပြင်စာတွေကဓာတုဆေးတွေနဲ့ဆိုအခုကျဘယ်လိုဖြစ်တာတုန်း '