အချစ်ဦး သို့ ကျွန်မရဲ့ကယားပုဆိုးအစင်းလေး

3 0 0
                                    

အချစ်ဦး
အချစ်ဦးတဲ့ စကားလုံးလေးသုံးလုံးထဲရယ်ပါ ။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေရှိလာတဲ့ အခါ ဆယ်ကျော်သက်အရွယ် ရင်ခုန်တက်စအချိန် ကြေကွဲ လွယ်ခဲ့တဲ့ အတိတ်တွေဆီကို ရထားမပါ ကားမပါဘဲ ခေါ်ဆောင်သွားပေးနိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦးပါပဲ ။
ကျွန်မတို့ရဲ့ ရင်ခုန်တက်စ အရွယ် ၁၅၀၀အချစ်ရဲ့ ကန့်လန်ကာဖွင့် ခန်းမှာ ဦးဆုံးနေရာယူခဲ့သူကြီးပေါ့ ။ အဲ့အချိန်တုန်း ကကျောင်းဝန်းထဲက ကံ့ကော်ပန်းတွေကို ကြည့်ရင်း ဆွေးအောင် လုပ်ခဲ့ သူကြီး၊ ကံ့ကော်ပွင့်တွေက သူ့အထိုက်အလျောက်နှစ်တိုင်း အချိန်ရောက်ရင် ပွင့်လာတာပါပဲ ။ ဒါကိုကျွန်မတို့ လည်းသိကြပါတယ် ၊ ဒါပေမဲ့ သူ့ကို တွေ့ပြီး သဘောကျပြီးတဲ့နောက်မှာတော့ ကံ့ကော်ပန်းတွေက ကျွန်မတို့နှစ် ယောက်အတွက် သီးသန့် ပွင့်ပေးသလိုကို ထင်မိတာပါပဲ ။( ကျောင်းဝန်းထဲက ကံ့ကော်ပွင့်တွေ များကြားရင် လှောင်ရယ်နေမလား)။🤭
တစ်စုံတစ်ယောက်က အချစ်ဦးလို့ဆိုလိုက်တာနဲ့ ဒါမှမဟုတ် ဖြိုးပြည့်စုံ ရဲ့ အချစ်ဦးသီချင်းကို အမှတ်မထင် ကြားလိုက်မိတာနဲ့ ကျောင်းခန်းထဲက ပုခုံးကျယ် ကျယ်၊ကယားပုဆိုးအစင်း ၊   ဘိုကေတိုတိုညှပ်ထားတဲ့ နောက်ကျောပြင်ကျယ်ကြီး ဆီကို ကျွန်မရဲ့စိတ်တွေက ကျည်ဆန်ရထားထက်မြန်တဲ့ အရှိန်အဟုန်နဲ့ ရပ်နားတဲ့ဘူတာမရှိ ရောက်သွားတော့တာပါပဲ။(ပြောရရင် ကျည်ဆန်ရထားထက်တောင်မြန်ပါသေးတယ်)
အဲ့ဒီနေ့ရက်တွေတုန်းကဆို ဘာဆိုဘာမှမလိုအပ်ခဲ့ဘူး ။ အရာအားလုံးဟာ နောက်ကျောပြင်လေးကို ငေးကြည့်ရုံနဲ့တင်ပြည့်စုံနေခဲ့တာပါပဲ၊ အချစ်က မျက်လုံးကစတယ်ဆိုတဲ့ အယူအဆကို ကျွန်မတော့သိပ်လက်မခံ ချင်ပါဘူး ၊ ဘာလို့ဆို ကျွန်မရဲ့ အချစ်က နောက်ကျောပြင်ကြီးကနေစခဲ့တာကိုး၊ တကယ်ပါ ဗင်ဆင့်ဗန်ဂိုးရဲ့ ပန်းချီတွေကိုထိုင်ကြည့်နေရသလိုပြည့်စုံလွန်းနေခဲ့တာပေါ့ ။(ဆရာဗင်ဆင့်ဗန်ဂိုးသာကြားရင် ဆွဲလက်စပန်းချီစုတ်တံနဲ့ ကျွန်မကိုထိုးလိမ့်မယ်ထင်တယ်)😅
သူက အတန်းထဲမှာ အချောဆုံးမဟုတ်ပါဘူး ။ စာအတော်ဆုံးလဲ မဟုတ်ဘူး။ အရပ်အရှည်ဆုံး လဲ မဟုတ်ပါဘူး ၊ အဖော်ရွေဆုံးတစ်ယောက်လဲ မဟုတ်ပါဘူး ၊ လက်ရေးအလှဆုံးတစ်ယောက်လဲ မဟုတ်ပါဘူး၊ ပြောရမယ်ဆို သူက သာမာန်ပါပဲ တစ်ခြားသူတွေရဲ့မျက်လုံးထဲမှာပေါ့။(ကျွန်မမျက်လုံးထဲမှာတော့ လီမင်ဟိုတို့ တွမ်ခရုစ်တို့ အောင်ရဲလင်းတို့ရဲ့ အပြုံးတွေဟာ ထိုနောက်ကျောပြင်ကြီးလောက်မလှပါဘူး)🤭🤭
သူကဆိုင်ကယ်စီးတာသိပ်ကြမ်းတာပါပဲ ။ ကြမ်းမှာပေါ့ ကျွန်မတို့ နယ်ဘက်မှာ ကရင်တွေကယားတွေက ဆိုင်ကယ်စီးသိပ်ကြမ်းတာကိုး ။ လေရဲ့ အလျင်နဲ့အတူ ဆိုင်ကယ်လီဘာကို ခပ်ပြင်းပြင်းလေ ဆွဲပြီး မောင်းထွက်သွားတဲ့ သူ့ပုံရိပ်တွေဟာ ကျွန်မရဲ့မြင်ကွင်းထဲမှာတော့ ဗန္ဓုလ လိုပါပဲ  ကျွန်မရဲ့ ညနေခင်း တွေကို သူ့ပုံရိပ်တွေနဲ့ စိုးမိုးထာခဲ့တာပေါ့။ ဒီပုဂ္ဂိုလ် အတော်စွမ်းတာပါလား။
ကျွန်မသူ့ကို ချစ်စနိုးနဲ့နာမည်ပေးထားတယ်။ ကယားပုဆိုးအစင်းလေး လို့ ။ ဘာလို့ဆို သူကကယားပုဆိုးပဲ အမြဲဝတ်လို့ သူကကယားလူမျိုးပဲဟာ ဝတ်မှာပေါ့ ။ သူ့ကယားပုဆိုးလေးကသိပ်လှတာပဲ အစိမ်းရောင် အောက်ခံမှာ အဖြုရောင်အစင်းချောင်းလေးတွေရယ်၊ အနီရောင်အစင်းချောင်းလေးတွေရယ်၊ အနက်ရောင်လေးတွေရယ်ပါတယ်။ ကျွန်မမှတ်မိသလောက်တော့ သူက ပုဆိုးအကွက်မဝတ်ဘူး ဘောင်းဘီရှည်ဝတ်တာမျိုးလဲမတွေ့ဖူးဘူး။ ဘာပဲပြောပြော အရောင် လေးရောင်ပဲပါတဲ့ သူ့ရဲ့ ပုဆိုးလေးက ကျွန်မမျက်လုံးထဲမှာတော့ မိုးရွာပြီးခါစထွက်တဲ့သတ်တံ့ကြီးလိုပါပဲ။ (ရှမ်းကြိုက်တော့နွားချောတာပေါ့နော်)
ဝမ်းနည်းစရာပါပဲ သူ့မှာ သူတစ်ဖတ်သတ်ကြိုက်နေတဲ့ မိန်းကလေးရှိတယ်တဲ့ ။ အဲ့စကားကိုကြားလိုက်တုန်းက ပုခတ်(ဒန်း)စီးလို့ကောင်းနေတုန်း ရုတ်တရက်ကြိုးပျက်ကျ သလိုကို ခံစားလိုက်ရတာပါပဲ။ ရင်ထဲကိုဗြောင်းတွေဆန်လို့ ပအိုဝ့်လူမျိုးတွေရဲ့ မီးရှူးပွဲထဲက မီးရှုးဆံ ရင်ဘက်ကိုလာမှန်သလို။ 💔
ဝမ်းသာစရာပါပဲ အဲ့မမက သူ့ကိုငြင်းလိုက်တယ်တဲ့ ။ (ပျော်လွန်းလို့ သင်္ချာမေးခွန်းဟောင်းတွေကို Chapterတစ်ခုကို တစ်ညထဲနဲ့ပြီးအောင်တွက်ပလိုက်တယ်) ဖြစ်နိုင်ရင် အဲ့သတင်းသယ်လာတဲ့ သူငယ်ချင်းရဲ့ အိမ်စာတွေကိုပါ ကူရေးပေးချင်စိတ်တွေတောင်ပေါက်သွားတယ်။
သူ့အတွက်လည်းစိတ်(ဆိတ်)မကောင်းဖြစ်မိပေမဲ့ နွားပြောင်းမွေးပေးလို့မှမရပဲကိုး ။ 😌
အခွင့်ရရင် မေးကြည့်လိုက်ချင်ပါရဲ့ သူ့ကို ငြင်းလိုက်တယ်ဆိုတဲ့မိန်းကလေးကို ကျွန်မရဲ့ ကယားပုဆိုး အစင်းလေး က ဘာတွေများချွတ်ယွင်းချက်တွေရှိလို့လဲ ဆိုတာကိုပေါ့။ ငေးကြည့်ရုံနဲ့တင် ကျွန်မအတွက် ပြီးပြည့်စုံစေတဲ့မြင်ကွင်းလေးကိုပေါ့ ၊ ဇန်နဝါရီလရဲ့ ကောင်းကင်ပြာလဲ့လဲ့ကြီးလို ၊ အဖေ့ လယ်တောထဲက သီတင်းကျွတ်ခါနီးပွင့်တက်တဲ့ ကြာပန်းတွေဗေဒါတွေလို ၊ အမေစိုက်ထားတဲ့ အိမ်ရှေ့က နှင်းဆီပန်းဖြူလွှလွှတွေလို ၊ ကျွန်မအကိုဖွင့်တဲ့ ဝိုင်းဝိုင်းရဲ့ သီချင်းတွေလို ၊ ကျွန်မအမရဲ့ လက်ရေးဝိုင်းစက်စက်တွေလို လကွယ်ညမှာထွက်တဲ့ ကြယ်တာယာ အစုံတွေလို နံနက် လေးနာရီလောက်ထကြည့်မှမြင်ရတဲ့ ခုနှစ်စင်ကြယ်တွေလို ၊ ဆောင်းနံနက်ခင်းရဲ့ ဖန်ခွက်ထဲက ရေနွေးကြမ်းရဲ့ အရောင်အဆင်းလို ကျွန်မဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတက်တဲ့ ခနခန ပြန်ကြည့်ချင်မိတဲ့ သိပ်လှပတဲ့ ဒီမြင်ကွင်းလေးကိုပေါ့ ။ထူးဆန်းလိုက်တာနော် ကျွန်မက ပြည့်စုံပါတယ်လို့ စိတ်ထဲ အကြိမ်ကြိမ် အမှတ်ပြည့်ပေးနေတဲ့ ဒီမြင်ကွင်းလေးကို သူမမို့လို့ငြင်းရက် တယ်။
သူနဲ့ကျွန်မနဲ့ ချစ်သူတွေလည်းမဖြစ်ခဲ့ကြပါဘူး။ ကျွန်မမှာလည်း သူကြိုက်လောက်စရာ ရုပ်ရည်မျိုးမှ မရှိပဲကို၊ ဒါ့ကြောင့်
ကျွန်မအတွက် အချစ်ဦးဆိုတာဟာ ရယူခြင်းလဲမဟုတ်ခဲ့သလို ပေးဆပ်စရာလည်းမလိုခဲ့ဘူး ။ သာမာန် ယောကျာ်းလေးတွေနဲ့ ယှဥ်ရင် ထူးမခြားနားတဲ့ နောက်ကျောပြင် ရိုးရိုးရှင်းရှင်းကြီးကို ဆရာ၊ ဆရာမ တွေ စာသင်နေတုန်း လစ်ရင်လစ်သလို တစ်ပတ်ခြောက်ရက် ငေးကြည့် ခိုးကြည့် ရခြင်းပါပဲ။
ဒါနဲ့ ဒီရက်ပိုင်း ပြာလဲ့လဲ့ကောင်းကင်ကြီးကို သိမ်မတွေ့ဖြစ်တော့ဘူးနော်။

အချစ်ဦး အချစ်ဦးတဲ့ စကားလုံးလေးသုံးလုံးထဲရယ်ပါ ။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေရှိလာတဲ့ အခါ ဆယ်ကျော်သက်အရွယ် ရင်ခုန်တက်စအချိန် ကြေကွဲ လွယ်ခဲ့တဲ့ အတိတ်တွေဆီကို ရထားမပါ ကားမပါဘဲ ခေါ်ဆောင်သွားပေးနိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦးပါပဲ ။ ကျွန်မတို့ရဲ့ ရင်ခုန်တက်စ အရွယ်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: Jul 04, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ဦး သို့ ကျွန်မရဲ့ ကယားပုဆိုးအစင်းလေးWhere stories live. Discover now