လူဆိုးလေး

1.4K 150 66
                                    


ပြတင်းပေါက်ကနေ ထိုးဖောက်၀င်ရောက်လာတဲ့နေရောင်ခြည်နဲ့အတူဆူညံသံတွေကြာင့်ဂျောင်ဂုမျက်လုံးတွေလှုပ်ရှားလာရသည်။ခန္တာကိုယ်ကိုဘေးတစ်စောင်းလှဲချလိုက်ပေမယ့်အသံတွေကမတိတ်သေးတာမို့ဂျောင်ဂုထထိုင်မိိကာစိတ်ညစ်ညစ်နဲ့ဆံပင်တွေကိုထိုးဖွမိသည့်အထိ.........

"ချီးပဲ!!ဘယ်ကအသံတွေလဲ...မနက်စောစောကျက်သရေကိုမရှိဘူး!!"

လူကိုစိတ်ဒုက္ခလာပေးနေတာပဲ...ညက clubမှာညနက်တဲ့အထိရှိခဲ့ရလို့ အခုမှအိပ်တာ လေးနာရီတောင်မပြည့်သေးပါဘူးဆို။ကျက်သရေမရှိတဲ့အသံတွေနဲ့လာတိုးနေသည်......

အသံကခေါင်းရင်းက ကြားနေရသည်မို့ ...ဂျောင်ဂုမျက်မှောင်တွေကိုအဆုံးထိကြုတ်မိသည်။ အိမ်အသစ်ကိုလူတွေပြောင်းလာသည်ထင်.........

ဂျောင်ဂုခေါင်းရင်းကပြတင်းပေါက်နားထိသွားပြီးလိုက်ကာစကိုဆွဲဖွင့်လိုက်သည်။အခုမှအိပ်ရာထတာမို့ဆံပင်တွေကရှုပ်ပွနေမှာအမှန်......

တစ်ဖက်ခြံကမြင်တွေ့နေရသည်မှာပစ္စည်းအသယ်အပို့လုပ်နေကြတဲ့လူတွေ......။အိမ်ထဲကိုထွက်လိုက်၀င်လိုက်နဲ့ရှုပ်ယှက်ကိုခတ်နေတာ...တကယ်စိတ်ပျက်စရာတွေနဲ့ထပ်တိုးအုန်းမယ်ထင်......

အချို့လူတွေက ပစ္စည်းအလေးအကန်တွေကိုသယ်နေကြပေမယ့်......ဆံပင်အ၀ါရောင်နဲ့ကောင်လေးတစ်ယောက်က ပန်းအိုးလေးတစ်လုံးနဲ့အရုပ်လေးတစ်ခုသာသယ်နေခဲ့သည်။ကြည့်ရတာ...အိမ်ရှင်ဖြစ်မည်ထင်သည်။အသက်ကတော့ကိုယ့်နဲ့ရွယ်တူလောက်ပဲထင်မိသည်။လူပုံစံကလည်းသေးသေးလေး........ထိုနောက်ထိုသူကအိမ်ထဲ၀င်သွားခဲ့သည်...

"ပတ်ဂျီမင်း!!မင်းကိုစားပွဲသယ်လာလို့ပြောတယ်လေ!!ဘာတွေသယ်လာတာလဲ!!"

အိမ်ထဲကနေထွက်ပေါ်လာသည့်အသံ!!အစကအိပ်မရဖြစ်နေခဲ့တာ ပစ္စည်းတွေချသံကြောင့်မဟုတ်ဘဲ...ဒီအသံကြောင့်ပဲ။မနက်စောစောကျက်သရေကိုမရှိဘူး!!ပတ်၀န်းကျင်ကိုနည်းနည်းအားနာအုန်းမှာပေါ့!! အခုတော့......

"ဘယ်တော့မှလက်ကြောမတင်းဘူး!!ပြောတဲ့ငါပဲအာညောင်းရုံပဲရှိမယ်!!ဟိုကောင်လေး ဘယ်လိုကိုင်နေတာလဲ.!..ငါ့ပစ္စည်းတွေပျက်စီးလို့ကတော့ မင်းအလုပ်ပြုတ်ပြီသာမှတ်! "

လူဆိုးလေး(One Shot) Where stories live. Discover now