Hey! Suck it and Fuck it .

1.7K 80 0
                                    

*ရှောင်းကျန့်နော် မင်းက *

*ဟုတ်ကဲ့ *

ခပ်တိုးတိုးပြန်ဖြေသံနှင့်အတူ ၀မ်ရိပေါ်ကိုမော့ကြည့်သည့်မျက်၀န်းတွေက သိမ်ငယ်သလို၊အားကိုရာမဲ့သလို အသနားခံမျက်ဝန်းလှလှလေး။ဆိုဖာပေါ်ထိုင်နေသည့် ၀မ်ရိပေါ်က ရှောင်းကျန့်၏အကြည့်ကြောင့် ရင်ထဲအေးမနေပါ။

ထိုမျက်၀န်းလေးတွေသာ ၀မ်ရိပေါ်၏အောက်တွင် မျက်ရည်များစီးကျ၍ အသနားခံနေလျှင် အဘယ်လောက်ကြည့်လို့ကောင်းမည်နည်း။တွေးလျှင်ပင် ခန္ဓာကိုယ်ရှိသွေး‌ေကြာများပြောင်းပြန်စီးဆင်းသွားသလိုပင် ပူထူလာကာ ဆိုဖာလက်ရမ်းကိုသာ အပြစ်ပုံချ၍ ကုတ်ခြစ်နေမိသည်။

၀မ်အိမ်တော်၏ပထမသခင်လေးဖြစ်သည့် ၀မ်ရိပေါ်က အင်အားကြီးကာ စီးပွားရေးတွင် ယှဉ်နိုင်သူမရှိ။အရှိန်အဝါကြီးမားကာ တရုတ်နိုင်ငံ၏စီးပွားရေးကို ဒုတိယလက်၀ယ် ပိုင်စိုးနိုင်သည့်သူ။ရုပ်ရည်ကအစအပြစ်ပြောစရာမရှိလေအောင် ချောမောကာ ဖြူသည့်အပြင် ပို၍ဖွေးက နုဖက်သည့်အသားအရည်ရှိသည်။အပြုံးချိုချိုလေးအပြင် စိတ်ဆိုးလျှင်မဲ့တတ်သည့်နူတ်ခမ်းပါးလေးကအစ ပျိုမဒီများ၏စွဲလမ်းဖွယ်။အနောက်တိုင်း၀တ်စံုကို စတိုင်လ်ကျကျ၀တ်ထားကာ ခြေပေါ်ခြေချိတ်၍ စူးရဲတောက်သည့်မျက်၀န်းနှင့် မာန်အပြည့်ပါသည့် အပြုံးသည်၀မ်ရိပေါ်၏အရှိန်အဝါကို ဖြည့်တင်းနေသယောင် ။

ထိုလူသားရှေ့တွင် ကုတ်ကုတ်ကလေးနှင့် ကြမ်းပြင်ပေါ်တွင်  တင်ပျဉ်ခွေထိုင်နေသူသည် ရှောင်းကျန့် ။
မျက်နှာတွင်လည်း တစ်စုံတစ်ရာကိုစိုးရွံနေကာ မျက်ခမ်းစပ်တွင် မျက်ရည်ဥလေးစို့နင့်လျက်။ခွန်အားကြီးမားသော ရှင်ဘုရင်၏ အသိမ်းပိုက်ခံလေးသဖွယ် အဖြူရောင်ရှပ်အကျီအနားစကိုသာ စုပ်ချေနေမိသည်။

*လှတယ် ရှောင်းကျန့် ၊မင်း သိပ်လှတယ် *

*အင့် ! ကျွန်တော် တောင်းပန်ပါတယ် *

ကျေနပ်ဖွယ်အသံခပ်ဩဩနှင့်အတူ ဆိုဖာပေါ်ဆွေ့ခနဲပါသွားသည့် ရှောင်းကျန့်ခန္ဓာကိုယ်။တောင်းပန်သံတိုးတိုးလေးက နားထဲဖြေးညင်းစွာ။ ခါးကနေဆွဲဖက်ထားသည့် ၀မ်ရိပေါ်က ရှောင်းကျန့်ရင်ဘတ်တွင်မျက်နှာကပ်လျက် တစ်စုံတစ်ခုကို တင်းခံနေမိသည်။

You've reached the end of published parts.

⏰ Last updated: Aug 27, 2023 ⏰

Add this story to your Library to get notified about new parts!

Wang's  DreamWhere stories live. Discover now