208-218

1.3K 36 11
                                    

#chapter208
ခြိမ်းခြောက်ခြင်း

အချက်ပြမီးက လေထဲ တောက်လောင်သွားခြင်းနှင့်အတူ စစ်သည်တွေလည်း ဗိုလ်ချုပ်ရဲ့ မြင်းခွာရာအတိုင်း ထွက်ခွာသွားကြသည်။ ခမ်းနားလှတဲ့ စစ်သည်တို့က တောင်အရပ်ကို ဦးတည်ကာ သွားနေကြသည်က ကွင်းပြင်ကြီးကို ခါထုတ်နေသလိုပင်။

အချိန်ခဏကြာပြီးနောက် ဖုန်လုံးပျယ်သွားတဲ့အခါ ကွင်းပြင်ကြီးက ပြောင်ရှင်းနေပေပြီ

ကွင်းပြင်ကြီးရဲ့ အစွန်မှာ ရပ်နေရင်း အရှိန်နဲ့ဦးတည်ကာ ထွက်ခွာသွားကြတဲ့ စစ်သည်တွေကို မုရုံရွှယ် လေးစားမှုအပြည့်နဲ့ ကြည့်နေ၏
"တစ်ညထဲနဲ့ စစ်သည်သုံးသိန်းကို စုစည်းနိုင်တယ် ဗိုလ်ချုပ်ကျန်းက တကယ်ကို အံ့သြစရာပဲ"

"ဗိုလ်ချုပ်ကျန်းက တပ်ဖြန့်ပြီး တိုက်တဲ့နေရာမှာ အရမ်းတော်တယ် ဒါကြောင့် အရှင်မင်းကြီးက သူ့ကို စစ်တပ်ခေါင်းဆောင်ခန့်ထားတာပဲ"
အိုးရန် ရှေ့တိုးကာ သူမလေးကို ရှင်းပြလိုက်သည်။

မုရုံရွှယ် ခေါင်းညိတ်ကာ
"ကျွန်မအစ်ကို ဗိုလ်ချုပ်ကျန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ အသက်ရှင်ဖို့ အခွင့်အလမ်းများတယ်"

စစ်ပွဲတစ်ပွဲမှာ ဗိုလ်ချုပ်က အရေးအပါဆုံး ဖြစ်သည်။ အရည်အချင်းမရှိတဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုနဲ့ဆို အသက်တွေ ဆုံးရှုံးရနိုင်သည်။

"စစ်တပ်ထဲမှာ မင်းရဲ့ တခြားမိသားစုဝင်တွေ ရှိသေးလား"
အိုးရန် ခံစားချက်မရှိတဲ့ လေသံနဲ့ မေးသည်။

"ကျွန်မအစ်ကိုကလွဲရင် ဘယ်သူမှမရှိဘူး ဘာလို့လဲ"
မုရုံရွှယ် ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်လိုက်သည်။

"မင်းမိသားစုလှည်းက ဟိုမှာ ရပ်ထားတာ မင်းပြောသလိုဆို သူတို့ ဒီမှာရှိနေတာ မင်းအစ်ကိုကို လာကြည့်ဖို့ပဲ"
အိုးရန် ဘယ်ဘက်အရပ်ကို သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးနဲ့ ကြည့်နေသည်။

မုရုံရွှယ် ကြည့်လိုက်တော့ လင်းယုန်သစ်သားကို အတွင်းနံရံနဲ့ ပြုလုပ်ထားပြီး တရုတ်ရိုးရာအနီအဝတ်တွေကို ပြတင်းပေါက်မှာ အလှဆင်ထားတဲ့ ဇိမ်ခံလှည်းတစ်စီးကို တွေ့လိုက်ရသည်။ ထိုလှည်းက မုရုံကျိုးရဲ့ လျို့ဝှက်လှည်းဖြစ်ကာ သခင်မကျိုးနဲ့အတူ ခန်းဆီးစကို မကာ ထွက်လာလေ၏

မကောင်းဆိုးဝါးမင်းသားနှင့် သူ၏အဖိုးတန်ချစ်ဇနီး အတွဲ (၁)Where stories live. Discover now