Unicode
ရိပေါ် အခုတလော နေကောင်းနေတယ်။
ကိုကို့ရဲ့ ဂရုစိုက်မှုတွေကြောင့်ပေါ့။
ဒါပေမဲ့ နေကောင်းရင် ကိုကိုက အလိုမလိုက်တော့ဘူး။
အဲ့ဒါတစ်ခုက အဆင်ပြေမနေဘူး။ကိုကို့အတွက် နေ့လည်စာ ထမင်းဘူးလေး ထည့်ပေးပြီးတဲ့အထိ ကိုကိုကအလုပ်သွားဖို့ထွက်မလာသေးတာကြောင့် အခန်းထဲပြန်၀င်လာတော့ ကိုကိုက အကျီရင်ဘတ်ဟောင်းလောင်းကြီးနဲ့ ဖုန်းပြောနေတယ်။
ကျစ်.. အအေးပတ်ကုန်တော့မှာပဲ။
ရိပေါ် ကိုကို့အနားသွားပြီး အကျီကြယ်သီးတွေ ကူတပ်ပေးလိုက်တယ်။
ပြီးတော့ နက်ကတိုင်ကိုပါ တစ်ခါတည်း သပ်သပ်ရပ်ရပ်စီးပေးလိုက်တယ်။ရှောင်းကျန့် အလုပ်ကိစ္စအရေးကြီးနေတာကြောင့် အကျီ၀တ်ရင်းတန်းလန်း ဖုန်းပြောနေတုန်း သည်းညှာက အကျီကြယ်သီး လာကူတပ်ပေးတယ်။
သည်းညှာက ရှောင်းကျန့်ထက် ခေါင်းတစ်လုံးပိုပုတာကြောင့် မျက်နှာချင်းဆိုင်ရပ်လိုက်ရင် သည်းညှာရဲ့ ခေါင်းလုံးလုံးလေးက အမြဲ ရှောင်းကျန့် ရင်ဘတ်နားမှာ။
နီးကပ်နေတဲ့ သည်းညှာမျက်နှာလေးကို တရှိုက်မက်မက် ငေးကြည့်နေမိတယ်။
မျက်ရစ်မပါတဲ့ မျက်ပေတုံးလေးတွေ၊နှာခေါင်းလုံးလုံး၊ နှုတ်ခမ်းဖူးဖူးလေးတွေ အားလုံးပေါင်းလိုက်ရင် သည်းညှာက တကယ့်လူချောလေး..
သည်းညှာက တော်ရုံအပြင်မထွက်ရသူမို့ အသားအရည်က ဖြူအုပြီးထိရက်စရာမရှိအောင် နူးညံ့တယ်။
ဂွမ်းလုံးလေးလိုပဲ။ရင်ဘတ်ပေါ်က အကျီကြယ်သီးတွေပေါ် ပြေးလွှားနေတဲ့ သည်းညှာရဲ့ လက်နုနုသွယ်သွယ်တွေကလည်း ယောင်္ကျားဆန်ဆန်ကြည့်ကောင်းတယ်။
ငေးကောင်းကောင်းနဲ့ ငေးနေမိတာ ဟိုဘက်က အတွင်းရေးမှူးယွီပင်း ရှောင်းကျန့်ကို ဘာတွေ အစီရင်ခံနေမှန်းမကြားလိုက်တော့ဘူး။"ဟို.. ယွီပင်း.. ကိုယ့်ကို ဘာပြောလိုက်တာလဲ.."
'ခင်ဗျာ..'
အရေးကြီးလို့ မနက်စာတောင်မစားရသေးဘဲ အသည်းအသန် အစီရင်ခံနေတာတွေကို ဆရာ့ရဲ့ ဘာပြောလိုက်တာလဲ ဆိုတဲ့ စကားတစ်ခွန်းက ယွီပင်းကို အမောဖောက်စေတယ်။
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...