Unicode
ကိုကို ရုံးသွားတော့ ရိပေါ် ယောင်တောင်တောင်လေး ကျန်ခဲ့တယ်။
အိမ်လုပ်လည်း လုပ်စရာမရှိတော့ဘူး။
ပုံဆွဲရမှာလည်းပျင်းတယ် မဆွဲချင်သေးဘူး။
အိမ်ထဲ ဟိုလျှောက် ဒီလျှောက်နဲ့ လုပ်စရာတစ်ခုရသွားတယ်။ကိုကို့စာကြည့်ခန်း ရှင်းရမယ် .. ဟဲဟဲ။
စာကြည့်ခန်းထဲ၀င်လိုက်တော့ ဖုန်တစက်မှ မရှိတာကြောင့် ရိပေါ် နှုတ်ခမ်းလေးထော်သွားတယ်။
ကိုကိုက အိမ်သန့်ရှင်းရေးကို တစ်ပတ်တစ်ခါ လူငှားလုပ်တယ်။
အဲ့ဒါကြောင့် အိမ်က အမြဲသန့်ရှင်း သပ်ရပ်နေတတ်တယ်။စာကြည့်ခန်းထဲ ဟိုလျှောက် ဒီလျှောက်လုပ်နေမိရင်း စာအုပ်စင်နားရောက်တော့ ကိုကို့စာအုပ်တွေကို ကိုင်ကြည့်မိတယ်။
ဖတ်တော့မကြည့်ပေါင်။ ပျင်းတယ်။
ကိုကိုကသာ စာဖတ်ဝါသနာပါတာ ရိပေါ်က စာအုပ်မြင်တာနဲ့ အိပ်ချင်တယ်။ကိုကိုက စာအုပ်တွေ စုရတာလည်း ဝါသနာပါတယ်။ နံရံကပ် ကျွန်းစင်နှစ်စင်ပေါ်မှာ စာအုပ်တွေကို သေသေသပ်သပ် သူ့အကန့်နဲ့သူ အမျိုးအစားတွေခွဲပြီး သိမ်းထားတယ်။
ကိုကိုက သိပ်ကို စည်းစနစ်ရှိတာ။
ရိပေါ်ကသာ ဗြဲလရမ်းနေတာ။ကိုကိုဖတ်တဲ့စာအုပ်တွေက အစုံပဲ။
ဗဟုသုတစာအုပ်တွေ၊ စီးပွါးရေးစာအုပ်တွေ၊ ဘာသာပြန်စာအုပ်တွေ၊ Engလိုရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေ၊ ဒဿနစာအုပ်တွေ အစုံမှအစုံပဲ။ဒီအခန်းထဲက စာအုပ်တွေအကုန် ကိုကိုဖတ်ဖူးတယ်ပြောရင် ယုံလိုက်။
စာအုပ်တွေဝယ်ပြီး ရောက်လာတာနဲ့ အကြွေးမထားဘဲ တန်းဖတ်တာမို့။
ကိုကို့ရဲ့ ရုံးပိတ်ရက်တွေက စာအုပ်ဖတ်ပြီး ကုန်ဆုံးတာများတယ်။
စာအုပ်တွေ အဲ့လောက်ဖတ်လို့လည်း အသက်သုံးဆယ့်သုံးနှစ်အရွယ် ကိုကိုက အရွယ်နဲ့မလိုက်အောင် အများကြီးတည်ငြိမ် ရင့်ကျက်တာ။
ကိုကို့ကို ပိုင်ဆိုင်ထားရတာ ရိပေါ်အရမ်း ကံကောင်းတာပဲ။
ကိုကိုကရော ရိပေါ်ကို ပိုင်ဆိုင်ရတာ ကံကောင်းတယ်လို့ တွေးလောက်ပါ့မလားဟင်။
မဖြစ်နိုင်လောက်ဘူး ထင်တယ်နော်။"ဟူး..."
အမြဲ Overthinking ဖြစ်တဲ့ ရိပေါ်ကိုယ် ရိပေါ်လည်း သဘောမကျဘူး။
ဒါပေမဲ့ အဲ့အကျင့်ကြီးကလည်း ဖျောက်လို့မရဖြစ်နေတယ်။ တကယ်ပါပဲ။
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...