Unicode
"ကိုကို..."
"ဟော.. ရိပေါ်.. ကလေးလေး နိုးလာပြီလား"
"အွန်း... ကိုကိုက ဖက်မအိပ်တော့ တအားအေးပြီး နိုးလာတာ.."
"ဟောဗျာ...ဟားဟားဟား"
နိုးကာစမို့ မို့အစ်နေတဲ့ မျက်လုံးကလေးကို ပွတ်ပြီး နှုတ်ခမ်းလေးထော်ကာ ထော်ကာနဲ့ ရှောင်းကျန့်ကို ရန်လိုနေသူကတော့ ရှောင်းကျန့် အသည်းနင့်အောင်ချစ်ရပါသော တစ်ဦးတည်းသော အမျိုးသားလေး ၀မ်ရိပေါ်ပင်ဖြစ်ပါသည်။
"ကိုကိုက မိုးလင်းတာနဲ့ အားကစားပဲ လုပ်နေတယ်။ ကျွန်တော့်ကို ပစ်ထားတယ်။ အလေးတုံးလောက်တောင် ကျွန်တော့်ကို မချစ်တော့တာ"
ဟော.. မနက်ချိန်ခါ တေးသံသာ ရှောင်းကျန့်ရဲ့ ၀မ်ကလေးလေးက ရှောင်းကျန့်ကို ရစ်တေးကျော့သီနေပါတော့သည်။ ထိုရစ်တေးသံသာလေးကိုပဲ ရှောင်းကျန့်မှာ ရင်နဲ့အပြည့်မြတ်နိုးနေမိတော့တာပါပဲ။
"စွပ်စွဲရက်လိုက်တာ ကလေးလေးရယ်။ ကလေးလေးကို ချစ်တဲ့ အချစ်တွေက ကိုကို့ရင်ထဲမှာ ပြည့်လျှံနေတာပါပဲ ကလေးလေးရယ်။ ကိုကို့ရဲ့ ရင်ခုန်သံ စည်းချက်တိုင်းဟာလည်း ကလေးလေး ကလေးလေးလို့ မြည်နေတာပါပဲကွယ်.."
"အား... တာဇံကြီး။ ဘာတွေ ပြောနေတာလဲ။ ရင်ခုန်အောင်လည်း မပြောတတ်ဘူး"
ရင်မခုန်ဘူးလို့ ငြင်းရှာတဲ့ ရိပေါ်ဟာ မျက်နှာတွေရဲလို့ ငုတ်တုတ်ထိုင်ပြီး အမောဖြေနေတဲ့ ရှောင်းကျန့်ရင်ခွင်ထဲ လုံးကနဲနေအောင်ပြေး၀င်ပါတော့သည်။
"ဟေး.. ကလေးလေး။ ကိုကို ချွေးတွေနဲ့ နံနေတယ်။ ဖက်မနေနဲ့အုံး"
"ဟင့်အင်း... ကိုကို့ဆီကဆို ချွေးနံ့တောင် မွှေးနေတာပဲ။"
"အဟွန်း.. အတတ်ကလေး။ အချွဲတုံးလေး.. သွား မျက်နှာသွားသစ်။ ဒီနေ့ Photo shorting တစ်ခုရှိတယ်မလား။"
"အွန်း.. ရှုတင်ရှိတယ်။ Magazine Cover အတွက်ရိုက်ပေးရမှာ ကိုကို"
"ကဲ.. ကဲ ထတော့ အချိန်မနည်းတော့ဘူး ချွဲမနေနဲ့တော့။ ကိုကို မနက်စာ ပြင်ထားပေးမယ်။ သွား... ရေသွားချိုးတော့.."
YOU ARE READING
Forever - 영원히 (completed)
FanfictionOne Short ZSWW Fanfiction Type - Romance, sweet, Married life, mature contact