Unicode
ရှောင်းကျန့် သည်းညှာရဲ့ စကားတွေကို ကြားယောင်ပြီး ည၁၂နာရီ ထိုးသည်အထိ အိပ်မပျော်နိုင်သေး။
ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သည်းညှာကို ခေါင်းအုံးပေါ်ခဏရွှေ့ခဲ့ပြီး မီးဖိုခန်းထဲထွက်ခဲ့တယ်။ဝိုင်တစ်ခွက်ယူလာကာ အိပ်ခန်းထဲက အလုပ်စားပွဲမှာ ထိုင်သောက်နေမိတယ်။
အိပ်ပျော်နေတဲ့ သည်းညှာကို ငေးရင်း ရှောင်းကျန့်အတွေးတွေက ပျံ့လွင့်လို့။တကယ်တော့ အဲ့တုန်းက ရှောင်းကျန့်ဟာ လက်မထပ်ချင်ခဲ့ဘူး။
၀မ်ပါး တောင်းဆိုတုန်းက ငြင်းဖို့လုပ်ခဲ့ပေမဲ့ ရှောင်းကျန့် ပြောမထွက်ခဲ့တာ။
၀မ်ပါးက ရှောင်းကျန့် ငြင်းရင် လက်ခံလောက်ပေမဲ့ ရှောင်းကျန့် မငြင်းနိုင်ခဲ့တာ။
ကျေးဇူးတရားတွေကို ရှောင်းကျန့် မလွန်ဆန်နိုင်ခဲ့ဘူး။
ရှောင်းကျန့် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲက တင့်တယ်တဲ့ သူတစ်ယောက်ဖြစ်လာတာ ၀မ်ပါးကျေးဇူးတွေ အများကြီးပါတယ်။
ပြီးတော့ ၀မ်ပါးက ဆုံးပါးသွားတဲ့ ရှောင်းကျန့်ပါးပါးအပေါ်မှာရော ကျေးဇူးတွေအများကြီးရှိတယ်။သည်းညှာကို ရှောင်းကျန့်ချစ်ပေမဲ့ လက်တွဲဖော်အဖြစ် ဘယ်တုန်းကမှ မစဉ်းစားဖူးခဲ့ဘူး။
ရှောင်းကျန့်က Homo မဟုတ်တာကြောင့် ယောင်္ကျားလေးနှစ်ယောက် တည်ဆောက်မဲ့ အိမ်ထောင်ရေးဟာလည်း ထူးဆန်းနေခဲ့တယ်။
ဒါကြောင့် သည်းညှာကို ညီငယ်လေးလို စောင့်ရှောက်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ၀မ်ပါးက တစ်ချိန်ရှောင်းကျန့် အိမ်ထောင်ပြုလို့ သူ့အိုးသူအိမ်နဲ့ဖြစ်သွားတဲ့အခါ သည်းညှာကို ဂရုမစိုက်ဖြစ်တော့မှာကို စိတ်ပူတယ်ထင်ပါတယ်။
လက်ထပ်ဖို့ကိုသာ တောင်းဆိုနေခဲ့တာ။
အဲ့လိုနဲ့ပဲ မငြင်းရက်တဲ့ ရှောင်းကျန့် လက်ထပ်ပွဲကို လက်ခံဖြစ်ခဲ့တယ်။
သည်းညှာကလည်း လက်ခံတယ်ဆိုလို့ ရှောင်းကျန့်ဟာ ထူးဆန်းနေခဲ့သေးတာ။
လတ်စသတ်တော့ သည်းညှာက သူ့အပေါ် အရောင်တွေပြောင်းနေခဲ့တာပဲ ။လက်ထပ်ပြီးတော့ သူများအမြင်မှာတော့ သူတို့က တရား၀င်သက်ဆိုင်သူတွေဖြစ်သွားပေမဲ့ ရှောင်းကျန့်က သည်းညှာကို ညီလေးလို ချစ်မြတ်နိုးပြီး စောင့်ရှောက်ပေးခဲ့တယ်။
ကိုယ့်စိတ်နဲ့နှိုင်းပြီး သည်းညှာကိုလည်း ကိုယ့်လိုပဲ ထင်ခဲ့မိတယ်။
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...