Part - 11

658 89 7
                                    

Unicode

မူကြိုဆရာမဆီကဖုန်းရကတည်းက jungkook ဆိုင်အပြင်ဘက်ထွက်စောင့်နေတာကြာပီဖြစ်၏ ။ မိန်းကလေးတစ်ယောက်ကိုပါးရိုက်သွားပီးငိုနေတဲ့ ပေါက်စီလေးဆိုတာကြားတာနဲ့စိတ်တွေထူပူသွားကာအလုပ်ဆက်လုပ်လို့မရတော့ ၊ ဒါကြောင့်ဆွဲလက်စပုံကိုရပ်ပီး seokjin ဆီဖုန်းခေါပေမဲ့မကိုင်တာကြောင့်ပိုပီးဆောက်တည်ရာမရဖြစ်လာရသည် ။

ဆိုင်အရှေ့ခေါက်တုန့်ခေါက်ပြန်လျှောက်နေတုန်း ကားထိုးရပ်သံကြောင့် jungkook မကြည့်ဘဲနဲ့တောင်သူတို့မှန်းသိ၏ ။ ချက်ချင်းကိုဘဲစိတ်အနည်းငယ်သပ်သာသွားပေမဲ့ ကားပေါကဆင်းလာတဲ့ ဖြူဖက်ဖြူလျောမျက်နှာနဲ့ သူ့ကောင်လေးကိုမြင်လျှင် မျက်မှောက်ကုတ်သွားရသည် ။ အခုနကတည်းက seokjin မှာအဖျားငွေ့ရှိနေတယ်ဆိုတာ taehyung ပြောလို့သူသိထားပီးဖြစ်၏ ။

ဒါကြောင့်သိသိချင် လိုက်သွားဖို့လုပ်ပေမဲ့ဆွဲလက်စပုံကြောင့်လိုက်မသွားမိ ၊ အခုတော့လိုက်မသွားမိသည့်ကိုယ့်ကိုကိုယ်သာထုရိုက်ပစ်ချင်လာသည် ။ ပီးတော့ပေါက်စီလေး အကြီးဆီကနေအကြည့်ရွေ့ပီးအောက်ငုံ့ကြည့်တော့ နီရဲရဲမျက်လုံးလေးတွေနဲ့သူ့ကိုကြည့်နေသည့် ပေါက်စီလေးကိုတွေ့ရသည် ။

" daddy ဟင့် "
မျက်နှာလေးမဲ့ကာပြေးလာတဲ့ပေါက်စီလေးကြောင့် ကလေးကိုမချီရင်း jungkook သူ့ကောင်လေးဆီဘာလဲဆိုသည့်အကြည့်ပို့လိုက်တော့ ကလေးနည်းတူငိုချတော့မဲ့ seokjin ပုံစံကြောင့်မျက်လုံးတွေပါပြာသွားရလေသည် ။

" ပေါက်စီလေး မငိုနဲ့တော့ ငိုရင်ခေါင်းကိုက်မယ်လေ "
ဘာမှမပြောဘဲလည်ပင်းထဲသာတိုးဝင်နေတဲ့ခေါင်းလေးကြောင့် jungkook သက်ပြင်းအသာအယာချရင်း အားတဲ့လက်တစ်ဖက်နဲ့ seokjin လက်ကိုလှမ်းကိုင်လိုက်သည် ။ ပါးစပ်ကလည်းအသံမထွက်ဘဲ လှုပ်ရုံမျှဖြင့်
' အခန်းထဲဝင်နေကိုယ်လိုက်ခဲ့မယ် '

ကလေးလေးကိုငေးကြည့်နေပီးမှ ခေါင်းညိတ်ပြရင်း seokjin သူတို့နှစ်ယောက်အခန်းထဲဝင်လာလိုက်သည် ။ အပေါကဂျက်ကတ်ကိုချွတ်ရင်း ကုတင်ပေါလှဲချလိုက်ပီး ဗလာမျက်လုံးတွေနဲ့မျက်နှာကျက်အဖြူကိုမော့ကြည့်နေမိသည် ။ တစ်ခစ်ခစ်ရယ်နေတက်တဲ့ ပေါက်စီလေးကိုမျက်လုံးထဲမြင်ယောင်လာတော့ အားမရှိတာတောင်နှုတ်ခမ်းလေးတွေကပြုံးသွားရသည် ။

TATTOO | jinkook | MMWhere stories live. Discover now