ဘွန်းးးး(ဆိုင်ကယ်မောင်းသံ)
နေ့လည်12:00
ဘွန်းးးးး
32minutes
ဘွန်းးးးး
45second
ဝှီးးးးး(ဆိုင်ကယ်ရပ်သံ)
"ဟျောင့် မင်းအမေဖုန်းခေါ်တယ်အိမ်ပြန်ခဲ့တဲ့"
သိန်းရာချီတန်ဆိုင်ကယ်ပေါ်က ဆင်းလာသောဆယ်ကျော်သက်ကောင်လေးတစ်ဦး။
ဦးထုပ်ကိုဟန်ပါပါနှင့်ချွတ်၍ ပွနေသောဆံပင်များကို သူ့လက်နှင့်သပ်တင်ကာ..."မပြန်ဘူး"
"မင်းအမေအသံကဒေါသထွက်နေတဲ့အသံနော် မင်းပြသာနာရှာထားပြန်ပြီလား"
"မီးခံသေတ္တာထဲက ဆယ်သိန်းယူသွားလို့သွေးပျက်နေတာ နေမှာပေါ့"
"ဘာ ဆယ်သိန်း မင်းတော်တော်ဆိုးတဲ့ကောင် သွား ပြန်လိုက်ရင်ကောင်းမယ် မင်း"
"အေးကွာ ပြန်လိုက်မယ်"
"ဆိုင်ကယ်သေချာမောင်း"
ကွင်းထဲတွင်ကျန်ရစ်ခဲ့သော သူငယ်ချင်းကိုနောက်ပြန်လက်ပြကာ တဗျင်းဗျင်းနဲ့ဆိုင်ကယ်ကိုအသံပြုကာထွက်သွားခဲ့တော့သည်။
ဇေ:POV
ကျွန်တော့်နာမည်ဇေဝေဟိန်မင်း အသက်က17ဆယ်တန်း နှစ်နှစ်ကျ။ အထင်မသေးနဲ့အုံး စာမတော်လို့မကျတာမဟုတ် စာမလုပ်လို့ကျတာ။ဘာကြောင့်မလုပ်လဲဆိုရင် မလုပ်ချင်လို့မလုပ်တာ ရှင်းရှင်းလေးပဲ။ချမ်းသာတဲ့အသိုင်းဝိုင်းကမွေးဖွားလာခဲ့သူဖြစ်ပေမယ့် သူတို့ရဲ့ကုမ္ပဏီလုပ်ငန်းတွေကိုတစ်စွန်းတစ်လေမှစိတ်မဝင်စား။ကျွန်တော့်ရည်မှန်းချက် အတော်ဆုံးbikerတစ်ယောက်ဖြစ်ဖို့ပင်။ကျေးဇူးကြီးမားလှပသော ကျွေးဖခင်နဲ့မွေးမိခင်တားနေတဲ့ကြားထဲက ရအောင်လုပ်သည်။ကျွန်တော့်ရဲ့တဇွတ်ထိုးအကျင့်က မွေးကတည်းကပါလာတာကြောင့် ပြင်ဖို့သိပ်မလွယ်။
နာရီဝက်ကြာအောင်မောင်းပြီးနော် "ဇေစံအိမ်" ဆိုတဲ့အိမ်တော်ကြီးကိုရောက်လာခဲ့သည်။အိမ်ထဲဝင်ဝင်ချင်း ထင်တဲ့အတိုင်းဧည့်ခန်းထဲတွင် ခါးထောက်ကာ ကျွန်တော့်ကိုမီးတောက်သောမျက်ဝန်းများဖြင့်ကြည့်နေတော့သည်။