67.zgi

140 2 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေး

အပိုင်း(67)

နောက်ဆုံးတော့ မုယွမ်ယွမ်
ဘေးပတ်ပတ်လည်မီးတွေကိုကြည့်ရင်း

သူမ သေရတော့မှာလားလို့ စိတ်နာကျင်မိတဲ့အခိုက်အတန့်

သူမ မလွှတ်မြောက်နိုင်တော့တာကိုသိလိုက်ရတဲ့အချိန်

သူမ စဉ်းစားမိတာ ဪ...သူ့ကိုတောင် မနှုတ်ဆက်နိုင်ခဲ့ပါလားဆိုတာပဲ ...

မုယွမ်ယွမ် မျောသွားတဲ့အခိုက်အတန့်မှာ အချုပ်ခန်းကိုတစုံတစ်ယောက်ကချိုးဖျက်ပြီး တကိုယ်လုံးစိုရွှဲနေလေတဲ့လူတစ်ယောက်ဝင်လာခဲ့တယ်

"ယွမ်ယွမ် ! ယွမ် ယွမ် ! မ'ဘယ်မှာလဲ "

အဲ့တာကတော့ ကောင်းမင်ထျန်းပါပဲ အဘိုးကြီးကိုအနိုင်ယူပြီးတဲ့အချိန် မုယွမ်ယွမ်ကမရှိတော့ဘူး မုယွမ်ယွမ်အပြင်ရိတာပါပျောက်နေလေတယ် အဲ့ထဲက သူစိတ်ထင့်နေတာ ဘယ်နေရာလိုက်ရှာရှာလုံးဝမတွေ့ခဲ့ဘူး

အနှံ့ရှာတော့မှ ရိတာကို မြေအောက်ခန်းထဲကထွက်လာတာကိုတွေ့ရတဲ့အပြင် သူမနောက်မှာမီးခိုးတွေကလဲ တလိပ်လိပ်နဲ့ ကောင်းမင်ထျန်း ခေါင်းမွေးထောင်ထလောက်အောင်ထိတ်လန့်သွားပြီး ဘေးနားမှာရှိနေတဲ့သောက်ရေပုံးတွေကို သူ့ပေါ်အကုန်လောင်းချကာ ပြေးဝင်လာခြဲတာဖြစ်လေတယ် လမ်းတလျှောက်ဝင်လာတဲ့အခါ အခန်းတိုင်းကိုစစ်ဆေးနေရပြန်တာမို့ ခရီးမတွင်ပြန်ဘူး ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းအခါခါခြွေရင်း ကောင်းမင်ထျန်းတစ်ယောက် နောက်ဆုံးအခန်းကိုရောက်လာတော့တာပဲ

အဲ့တော့မှ အသိစိတ်လွတ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့‌မုယွမ်ယွမ်ကိုမှောက် လျက်သားလေးတွေ့လိုက်ရလေတယ်

သူ့ဘေးနားမှာလဲ မုပါးပါးနဲ့ ဝူလင်းယန်ကရှိနေသေးတယ် တော်သေးတာက ကောင်းမင်ထျန်းအထဲဝင်လာတဲ့အခါ သူ့နောက်လိုက်တွေကို မီးသတ်ဆေးဖျန်းဘူးသွားယူခိုင်းထားလို့တော်သေးတာ သူ့နောက်လိုက်လာတဲ့သူတွေက အချုပ်ခန်းထဲမှာချုပ်မိထားတဲ့လူတွေကိုအကုန်ကယ်ထုတ်ခိုင်းထားတာမို့ ကောင်းမင်ထျန်း မုယွမ်ယွမ်ကိုသယ်ကာ အပြင်ပြန်ထွက်တော့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora