Unicode
"အချစ်ဆိုတာ ဘာလဲ"
"အဟွတ်...."
ရှောင်းကျန့်ရဲ့ အမေးကြောင့် ကျိုးချန်သောက်လတ်စ ရေတွေ သီးကုန်တယ်။
အိမ်ထောင်သက်တမ်း သုံးနှစ်ရှိပြီးသား အိမ်ထောင်သည်က သူ့လို ကောင်မလေးတစ်ယောက်တောင် မထားဖူးတဲ့ လူပျိုနုနုထွတ်ထွတ်ကလေးကို အချစ်အကြောင်းလာမေးနေတယ်။
"ဟေ့ကောင်.. မပြောင်နဲ့နော် ရှောင်းကျန့်"
"ငါတကယ်မသိလို့မေးတာပါကွာ"
ရှောင်းကျန့် မျက်နှာကြည့်ရတာ နောက်နေသည့်ပုံမပေါ်တာကြောင့် ကျိုးချန်သက်ပြင်းသာချလိုက်တယ်။
"မင်း ရိပေါ်ကို ချစ်တာ အချစ်ပေါ့ကွာ.."
"ငါက သည်းညှာကို ညီလေးလို....."
"တော်.. တော်တော့ ရှောင်းကျန့် အဲ့ညီလေးဆိုတာကို တော်လိုက်တော့။
မင်းစိတ်ထဲက အစွဲကို ခဏချွတ်ကြည့် မင်းအခုလို ရိပေါ်အပေါ်ကြင်နာယုယပေးနေတာ အစ်ကိုတစ်ယောက်ထက် ပိုတယ်။ ဘေးလူ ငါတို့တွေ အကုန်သိတယ်။ မင်းအကြည့်တွေ၊ မင်းအပြုအမူတွေ၊ သည်းညှာနေမကောင်းရင် စိတ်ပူသွားတာတွေ...""ဟေ့ကောင် ဘာသည်းညှာလည်း .. ရိပေါ်လို့ပဲခေါ်..."
"ဟာ .. အေးပါကွာ... မှားခေါ်မိတာပါ။
အမြှီးဆွဲပြီး တောင်းပန်ပါတယ်။တွေ့လား..အူတိုနေတာကိုပဲကြည့်။
အဲ့ဒါတွေက အချစ်ပဲမဟုတ်ဘူးလား..""........"
"မင်းက တသတ်မတ်တည်းကြီးတွေးနေလို့ပါကွာ..
နှလုံးသားမပါရင် ဘယ်အရာမှ ရေရှည်မခံဘူး..
ကဲ မင်းကိုမေးမယ် မင်း ရိပေါ်နေမကောင်းလို့ လူနာပြုစုရရင် စိတ်ပျက်ဖူးလား""ဟင့်အင်း...."
စိတ်ပူရလွန်းလို့ ရူးမတတ်ဘဲ။"ရိပေါ်က ဂျီကျရင်ရော စိတ်ကုန်ဖူးလား"
"သည်းညှာက နေမကောင်းမှဂျီတာပါကွ"
"တယ်.. ငါမေးတာပဲဖြေပါ..မရှည်နဲ့"
"ကုန်စရာလားကွာ.. ငါ့ကို ဂျီမဲ့သူဆိုလို့ သည်းညှာပဲရှိတာ..."
ကျိုးချန်မှ မမြင်ဖူးသေးတာ။ သည်းညှာဂျီရင် အရမ်းချစ်ဖို့ကောင်းတာ
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...