Unicode
ကိုကို ပွင့်လင်းပြီးကတည်းက ရိပေါ်တို့ ဆက်ဆံရေးလည်း ပိုနွေးထွေးလာတယ်။
အရင်ကထက် ပိုပြီးလည်း Skinship များလာတယ်။
အရင်လို သံသယအတွေးတွေလည်း သိပ်မ၀င်တော့ဘဲ ကိုကို့ရဲ့ ချစ်စကားတွေကိုပဲ ရိပေါ်က ပိုယုံထားတယ်။
ပြောရမယ်ဆို ရိပေါ်က အရင်ကထက်ပိုပြီး နေပျော်လာတယ်။
ကိုကို့ချစ်စကားတွေက ဆေးထက်ကို အစွမ်းထက်ပါတယ်။ကိုကိုက ရုံးသွားတာမို့ ရိပေါ်ကတစ်ယောက်တည်းပျင်းလို့ ခြံထဲမှာ အပင်တွေ ရေလောင်းနေတာ။
ကိုကိုသာမြင်ရင် အပူရှပ်မယ်ဆိုပြီး အိမ်ထဲဆွဲသွင်းအုံးမှာ။
သိတယ်မလား ကိုကိုက ရိပေါ်ကို သိပ်ချစ်တာလေ အဟဲ...
ကိုယ့်ဟာကိုယ်တွေးရင်း ကိုယ့်ဟာကိုယ် သဘောတကျပြုံးနေတဲ့ ရိပေါ်ဟာ အချစ်ရူးလေး..ထိုအချိန်မှာ ခြံအ၀င်၀မှာ လာရပ်တဲ့ အမျိုးသမီးတစ်ဦးကြောင့် ရိပေါ်တစ်ကိုယ်လုံးတောင့်ခဲသွားတယ်။
သူ ဓာတ်ပုံထဲမှာပဲ မြင်ဖူးပေမဲ့ မှတ်မိတယ်။
ကိုကို့အချစ်ဦး မေဟွားကျဲ...
သူက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။"ဒါက ရှောင်းရဲ့ အိမ်လားမသိဘူး"
လှမ်းမေးတာကြောင့် ရိပေါ်ခြံတံခါးနား တိုးသွားလိုက်တယ်။
"ဟုတ်ပါတယ်ခင်ဗျ"
"မင်းက ၀မ်ရိပေါ်မလား။
တို့ကို အိမ်ထဲပေး၀င်ပါလား။ တို့က မင်းနဲ့လာတွေ့တာ.."ကျွန်တော့ကို လာတွေ့တာတဲ့..
ဘာအတွက် လာတွေ့တာလဲ?အတွေးများရင်းကပဲ တံခါးဖွင့်ပေးလိုက်တော့ ထိုအမျိုးသမီးက ရိပေါ်ကို ကျော်ဖြတ်လို့ ခေါင်းမော့ရင်ကော့ကာ ခပ်မဲ့မဲ့အပြုံးကို ဆင်မြန်းပြီး အိမ်ထဲကို ကျော့ကျော့လေး၀င်သွားတယ်။
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ရင်း နံရံပေါ်မှာ ခမ်းခမ်းနားနားချိတ်ထားတဲ့ ရိပေါ် နဲ့ ကိုကိုရဲ့ မင်္ဂလာဓာတ်ပုံကို စူးစူးစိုက်စိုက်ကြည့်နေတယ်။
ရိပေါ်လည်း ထိုအမျိုးသမီးရှေ့ဝင်ထိုင်လိုက်တယ်။"မင်းက တို့ကို သိမှာတော့ မဟုတ်ဘူး။
တို့နာမည်က မေဟွား။
တို့ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးရမယ်ဆိုရင် တို့က ရှောင်းရဲ့ မတော်လိုက်ရတဲ့ ဇနီးလောင်း။ ရှောင်းရဲ့ အချစ်ဦး..."
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...