(83.2) ဟီးရိုးဟန်ချောင် အလှလေးကိုကယ်တင်ခြင်း& ချင်းချင်း ချန်ပီယံဖြစ်သွားပြီ

4.1K 669 31
                                    

Unicode

သူ ချွေ့ဟောင်ကိုကြည့်လိုက်ပေမဲ့ နားမလည်ခဲ့ဘူး။ မတိုင်မှီတုန်းက သူချွေ့ဟောင်ရဲ့ကိုယ်ရေးအကျဥ်းနဲ့ သူ့အဖွဲ့သားတွေကို လိုက်လံရှာဖွေကြည့်ခဲ့သေးတယ်။ ထူးဆန်းတာက ကောင်းမွန်တဲ့ထုတ်လုပ်မှုအဖွဲ့နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ရိုက်ဖူးခဲ့ခြင်းမရှိတာပဲ။ TVဒရမ်မာတောင် အနည်းအကျဥ်းလောက်ပဲရှိခဲ့တယ်။

သူသရုပ်ဆောင်ဖူးတဲ့ တစ်ကားတည်းသောရုပ်ရှင်တွင်လည်း ငါးယောက်မြောဇာတ်ဆောင်အဖြစ်သာ ပါဝင်ခဲ့ရတယ်။ သူ မအောင်မြင်သေးတာက အံ့သြစရာတော့မရှိဘူး။

သူ့မှာ ရွှေသခင်ကြီးရှိတယ်မလား။ ဘယ်လို့အကြောင်းကြောင့်များ ရွှေသခင်မရှိတဲ့သူတွေထက်တောင် သူ့ရဲ့အရင်းအမြစ်တွေက ဆိုးဝါးနေရတာလဲ။

ရှန်ချင်းရှုက တကယ်ပဲကံကောင်းတယ်လို့ပြောလို့ရပေမဲ့ သူ့ရဲ့ပထမဆုံးအလုပ်ကတော့ ရုတ်တရက်လစ်လပ်နေရာ ပေါ်လာလို့ သူဝင်လိုက်နိုင်တာဖြစ်ပြီး ပိုင်ရွှယ်ကောနဲ့တိုက်ရိုက်ပူးပေါင်းခွင့်ရသွားဖြစ်တယ်။ နောက်ပြီး ဒုတိယအလုပ်က ဒါရိုက်တာကျန်းနဲ့ ပူးပေါင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ချွေ့ဟောင်ရဲ့နောက်မှာ နောက်ခံတစ်ယာက်ရှိနေတာလေ။ ရွှေသခင်ကြီးက သူ့ရဲ့အချစ်လေးအတွက် ပိုကောင်းတဲ့အရင်းအမြစ်တွေထောက်ပံ့ပေးတာမျိုး မရှိဘူးလား။ သူ့ရဲ့အရင်းအမြစ်တွေက သိပ်ပြီးမကောင်းမှတော့ ထိုသို့မဖြစ်ခဲ့တဲ့ပုံပဲ။

သို့ပေမဲ့ ရှန်ချင်းရှုသည်လည်း ထိုအကြောင်းကိုမေးမြန်းဖို့ ရှက်နေခဲ့တယ်။ သူ့အနေနဲ့ ချွေ့ဟောင်က သူနဲ့တူညီတယ်လို့ခန့်မှန်းထားတာလေ။ သူ့အနေနဲ့ ငွေကြေးအင်အားရှိပြီး အဆင့်အတန်းမြင့်မားတဲ့ လူတွေနဲ့သိကျွမ်းတယ်ဆိုပေမဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုတော့ တခြားလူတွေအပေါ်မှာ မှီခိုလိုတဲ့ဆန္ဒရှိမနေဘူး။

သူ့အနေနဲ့ အလှည့်အပြောင်းတချို့ကြောင့် ရွှေသခင်ကြီးတစ်ယောက်ရလာပေမဲ့ ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားမှုကြောင့် သူ့ရဲ့ရွှေသခင်ကို စိတ်အနှောင့်အယှက်ပေးလိုတဲ့စိတ်မရှိဘူး။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now