(118) တောရိုင်းထဲ မှာ အိပ်စက် ကြခြင်း ၁
နျင်းချု က ထိုင်နေ ဆဲ ပါပဲ။ သူ့က အစောလေး တင်ကမှ ခံစား ထားရတဲ့ ကို့ယို့ကားယား ခံစားချက် ကြီး ပျောက်စေ ဖို့ အတွက် အသာလေး ချောင်းဟန့် လိုက် လေတယ်။
နျင်းချု တစ်ယောက် ဝူးယူး ရဲ့ ခံစားချက် ကို နားလည် နေပြီ လို့ ထင်မိ လေတယ်။ ဝူးယူးသာ လူပုံစံ နဲ့ ဆိုရင် နျင်းချု က သူ့အား အကွာအဝေး တစ်ခု ခြားပြီး အနားအကပ် မခံ ဘူး ဆိုတာ ကို ခံစား မိလို့ နေတာ ပဲ ဖြစ်ရတယ်။
'' ကောင်းပြီ။ မင်း......... ''
နျင်းချု က သူ့ရဲ့ စကား တွေကို ပြန်စုစည်း စေဖို့ ကြိုးစား နေ ခဲ့ လေတယ်။
'' အများကြီး တွေးမနေ ပါနဲ့။ လူသား တစ်ယောက် ဖြစ်လာတယ် ဆိုတဲ့ ကိုယ်ရေး အချက်အလတ် တစ်ခု တိုးလာတာ ပဲပေါ့။ အဲ့တာ ကြောင့်ပဲ မင်းက အောင်းဝ်ပေါင်ပေါင်း လေး မဟုတ်တော့ တာ မျိုး မဟုတ် ဘူးလေ........ ''
ဝူးယူး က စကား တစ်ခွန်းမှ မပြောပဲ နျင်းချု ကို ဆက်ပြီးတော့ ကြည့်နေ ဆဲ ပါပဲ။ ပြီးတော့ သူဘာတွေ နေသလဲ ဆိုတာ ကို မသိရ ပါပေ။ ဒါပေမယ့် အနည်းဆုံး တော့ ဝန်ခံတယ် လို့ ပြောလို့ ရတယ်။ ဝူးယူး က သူ့ဆီကနေ အဲ့တာ ကို တမင်သပ်သပ် ကြီး ဖုံးကွယ် ထားတာ မှ မဟုတ်တာ လေ။
သူသာ နဂါးလေး ကနေ လူအဖြစ် ပြောင်းလဲ သွားရင် နျင်းချု က အနားအကပ် မခံ တော့ဘူး ဆိုတဲ့အတွေး ကြောင့်သာ လူသား တစ်ယောက် အဖြစ် ပြောင်းလဲ နိုင်တယ် ဆိုတာ ကို မပြောပဲ ထား ရတာ ဖြစ်တယ်လေ။ ဆိုတော့ ဒီအတွက် ကြောင့် နဲ့ သူက ဝူးယူး ကို စိတ်တို ဒေါသ ထွက်လို့မှ မဖြစ်ပဲလေ။
နျင်းချု က သူ့နှာခေါင်း ထိပ်ကို ပွတ်လိုက် ကာ အကြောင်းအရာ ခေါင်းစဥ် ကို ပြောင်းလဲ လိုက် လေတယ်။
'' ဒီနေ့ အကယ်ဒမီ ရဲ့ အစည်းအဝေး ခန်းမ ထဲမှာ ဘာတွေ ဖြစ်ခဲ့တာ လဲ? ''
ထို အကြောင်း ကြားတော့ ဝူးယူး ရဲ့ မျက်နှာ က အသာလေး ကျုံ့သွား ပြီးတော့ ပြောလိုက် လေတယ်။
'' သူတို့ က ငါ့ကို ရန်စ ခဲ့တယ်လေ ''
သူတို့က သူ့ဆီကို နျင်းချု အကြောင်းလဲ မေးခဲ့ သလို ချက်ကျောင်း ဆီကိုလဲ ဝင် ဖို့ ဆန္ဒ တွေကို လည်း ပြသ ခဲ့တယ်။ ပြီးတော့ သူတို့ နောက်ဆုံး ပြောခဲ့တဲ့ စကား တစ်ခွန်း ဆီတိုင်း ကလည်း ဝူးယူး ကို ဒေါသ မထွက် ထွက်အောင် လုပ်နိုင် ခဲ့တယ်။
YOU ARE READING
နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]
Randomနဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသွားတဲ့ သားပေါက်လေးများရဲ့ ဖေဖေကြီး နျင်းချူ အကြောင်းပါ။ [ တစ်ပိုင်းက ပုံမှန်ထက် ၄ဆ ရှည်ပါတယ်။ မုဆိုး...