Unicode
ရိပေါ် ကိုကို့အတွက် မနက်စာပြင်ပေးရင်း မနေ့ကအကြောင်းတွေးနေမိတယ်။
မေဟွားကျဲက သူ့ကို သက်သက်ကြီးလာတွေ့ပြီး ပြောဆိုသွားတာကို သူတကယ် သဘောမကျဘူး။
ပြီးတော့ဘာလို့ ကိုကို့ကိုမှလဲ။ ဘာလို့လဲ..
သူ့လို အမျိုးသမီးတစ်ယောက်အတွက် ယောင်္ကျားမရှားပါဘူး။
ဘာလို့ ရိပေါ်ရဲ့ တစ်ဦးတည်းသောလေးကိုပဲ လာထိဖို့ ကြိုးစားနေရတာလဲ။
တော်သေးတယ် ကိုကိုက ရိပေါ်ကို အချိန်မှီချစ်သွားလို့။
မဟုတ်ရင် ရိပေါ် ရင်ကွဲနာကျရမှာ။တွေးလည်းတွေး ပေါက်မုန့်ကြက်ဥလေးကို မတူးအောင်၊ အကျက်မလွန်အောင်လည်း ဂရုစိုက်ကြော်နေရသေးတယ်။
"သည်းညှာ..."
အိပ်ရာနိုးစမို့ ခပ်အောအောအသံနဲ့ ရိပေါ်ကိုခေါ်တယ်။
ပြီးတော့ အလုပ်လုပ်နေတဲ့ ရိပေါ်ကို နောက်ကျောကနေ သိုင်းဖက်ကာ ပခုံးလေးပေါ် မေးစေ့တင်ပြီး ချွဲနေတယ်။"ကိုကို နိုးလာပြီလား.."
"အွန်း.. နိုးပြီ"
ပြောရင်း ကို့ကို့ နှာခေါင်းက ရိပေါ်ပါးအိအိလေးပေါ် နယ်ကျော်တယ်။
"ရွှတ်... မွှေးနေတာပဲ.."
"ကိုကိုနော်... ဖယ်.. တူးကုန်မယ်"
"ဖက်ထားချင်လို့ပါကွာ...သည်းညှာကလည်း"
"ဖက်ဗျာ ဖက် ဖက် "
"အွန်း ဖက်တယ်..."
ပြောရင်း ရိပေါ်ကို ပိုတိုးဖက်တာမို့ ရိပေါ်ခမျ အင့်ခနဲပဲ။
"သည်းညှာ..."
"ဗျာ...."
"မနေ့က ကိစ္စကို စိတ်ထဲမထားနဲ့နော်။"
"......"
"စာကြည့်စားပွဲမှာ ကိုကို့ Diary တွေ အကုန်တင်ခဲ့တယ်။ သည်းညှာပျင်းရင် ဖတ်နော်။"
"ကိုကို...."
"ကိုကို့ကို ယုံနော် .. သည်းညှာ"
ရိပေါ်လည်း မီးဖိုကိုပိတ်ကာ ကိုကိုကို့ ကျောမှီထားရာကနေ မျက်နှာချင်းဆိုင်လိုက်တယ်။
နီးကပ်သွားတဲ့ မျက်နှာနှစ်ခုနဲ့ အတူတူ ကိုကို့ဆီက မျက်နှာသစ်ဆေးနံ့ ခပ်သင်းသင်းရတယ်။
Bath rob ပဲ၀တ်ထားတာကြောင့် ရင်ဘတ်ဟပြဲကနေ ရင်ဘတ်ဖြူဖြူလေးကို မြင်နေရတယ်။
အခုမှ ရိတ်သင်လာပုံရတဲ့ နှုတ်ခမ်းမွှေး ခပ်စိမ်းစိမ်းလေးတွေရယ် နှုတ်ခမ်းအောက်က ထင်းနေတဲ့ မှဲ့နက်လေးရယ်က လိုက်ဖက်ညီလို့..
အရာအားလုံးမှာ ရိပေါ်ဟာ ကျရှူံးတယ်။
YOU ARE READING
It's You - 바로 너 - Reupload
FanficUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...