လမ်းခွဲပြီး ၂ လမြောက်ရှိပြီဖြစ်သည်။ ဂျဲန်းနီကင်မ်ကိုသတိရသည့်စိတ်များကိုချိုးနှိမ်ရင်း အလုပ်ထဲ စိတ်ပြန်နှစ်ထားရသည့်နေ့ရက်များအဖြစ် ဖြတ်သန်းနေရသည်။ လူအများရှေ့အဆင်ပြေချင်ယောင်ဟန်ဆောင်ပြီး ကွယ်ရာတွင် ပြိုလဲနေရဆဲ။ အပေါ်ယံ ချစ်ခဲ့သည် မဟုတ်တာမလို့ တော်တော်လေးခံစားရလေသည်။
လီဆာ ဒီမနက်နိုးလာကတည်းက ကိုယ်လက်မအီမသာဖြစ်နေလေသည်။ ထိုကဲ့သို့ဖြစ်နေသည်မှာ အတိအကျဆိုရလျှင် ၃ရက်မျှရှိနေပြီဖြစ်သည်။ အိပ်ယာပေါ်မှ ထလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက် မနက်စာစားရန် ထမင်းစားခန်းထဲသို့ဝင်လာလိုက်လေသည်။
" ဒီနေ့အတွက် မနက်စာကရော ဘာလဲ ချယ်ယောင်း "
"ကင်ချီထမင်းကြော်နဲ့ဖက်ထုပ် "
ချယ်ယောင်းရဲ့အပြောကြောင့် လီဆာ ပြုံးလိုက်ပြီး ထမင်းစားပွဲမှာထိုင်ကာ မနက်စာစားဖို့ပြင်လိုက်လေသည်။
"ဖြည်းဖြည်းသာသာထိုင်ပါဟယ် နင့်အတွက်ရောငါ့အတွက်ရော အလောက်အငှဝယ်လာတာပါ လုလည်းမစားပါဘူး ဘယ်လိုဖြစ်နေတာတုန်း "
" ဟီး ချယ်ယောင်းလေးကလည်း ကင်ချီထမင်းကြော်နဲ့ဖက်ထုပ်ဆို ငါအရမ်းကြိုက်တာသိရက်နဲ့ ပြီးတော့ဒီရက်ပိုင်း ဘာမှစားချင်စိတ်မရှိဖြစ်နေတာရက်နည်းနည်းကြာပြီဟ ရင်ထဲမှာပြည့်နေသလိုနဲ့ ဘာစားစားခံတွင်းမတွေ့ပဲ အန်ပဲအန်ချင်နေတာ "
လီဆာ ရဲ့အပြောကြောင့် ချယ်ယောင်း သက်ပြင်းဖွဖွချကာခေါင်းခါလိုက်လေသည်။
" အလုပ်ကိုလည်းနားနားနေနေလုပ်ပါဦး ပြီးတော့ညဘက်တွေလည်းအိပ်ဦး နင့်ရုပ်လည်းနင်မှန်ထဲကြည့်ဖြစ်ရဲ့လား မျက်လုံးတွေက ပန်ဒါမျက်လုံးတွေဖြစ်နေပြီ အအိပ်မမှန်အစားမမှန်နဲ့ ကြာရင်လဲကျလိမ့်မယ် ထားပါတော့အခုတော့မနက်စာစားကြရအောင် "
" ငါဂရုစိုက်ပါ့မယ် ချယ်ယောင်းရယ် အခုတော့ဗိုက်ဆာနေပြီ စားပြီဝေ့ "
YOU ARE READING
You're all I want (Completed)
Fanficကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်