📍ဆိုးလ်အကျဉ်းထောင်
-အကျဉ်းထောင်အတွင်း၃ရက်မြောက်နေ့
"တန်းစီ"
ထိုအသံအားဆောင်းမနက်ခင်းတိုင်းတွင်မကြားချင်ဆုံးအသံဖြစ်နေလိမ့်မည်ဟု ကြီးမြတ်လှသောလာလီဆာ မတွေးခဲ့ဘူးပါ။
ဘဝတွင် အကြီးမားဆုံးသောအမှားသည် ကိုယ့်ကိုအလွန်တရာမုန်းတီးနေသောမိသားစုမှ မိန်းမကို လက်ထပ်မိခဲ့ခြင်းဖြစ်သည်။ ချယ်ယောင်း သည်သိပ်ပါးနပ်လှသည် မထင်ထားနိုင်သော နေရပ်စုရပ် များအားသူ့ဖခင် မြေခွေးအိုကြီးအား မည်သို့သတင်းပေးခဲ့လည်းသူမသိလောက်အောင် လည်ဝယ်လွန်းလှသည်။ချစ်လွန်း၍ မဟုတ်သော်လည်း တစ်အိမ်ထဲနေ တစ်အိပ်ရာထဲအိပ် ညစဉ်ချစ်ခန်းဖွင့်ခဲ့ကြသောသူ့မိန်းမချယ်ယောင်း မလုပ်လောက်ပါဘူး ဆိုသောအတွေးသည် ဒုတိယအကြီးမားဆုံးသောအမှား။ ပတ်ချယ်ယောင်းကိုကျေးဇူးတင်စရာတွေ၊အကြွေးဆပ်စရာတွေများပြားလွန်း၍ ထိုနေရာမှ လွတ်မြောက်အောင် အစွမ်းကုန်ကြိုးစားရအုန်းမည် ။"ထောင်သား ၂၃ အခန်းထဲနေခဲ့ ၊ကျန်တဲ့လူလေ့ကျင့်ရေးကွင်းပြင်ထွက်မယ်"
ပိုက်ဆံသည် အသုံးဝင်လှသည်။ ထောင်သားတွေထဲ သူဟာ သာမန်လူလိုနေခွင့်ရှိသည်။ ဒါတွေဟာ ချစ်လှစွာသော
ပတ်ချယ်ယောင်း၏ ကြိုးစားပေးမူတွေပင်၊ ကိုယ်ဖမ်းမိသောနေ့တွင် ကိုယ့်လူ အယောက် ၂၀ခန့်လည်းပါလာသည် ၊ ထောင်မခွဲပစ်ပဲ ထောင်တစ်ခုထဲ ကျသောအခါ လာလီဆာ သည်ထောင်ထဲတွင် အရင်လိုအခြွေအရံ အပြည့်နှင့်ပြန်ဖြစ်ခဲ့သည်။ လာလီဆာက်ို အထွန့်တက်ရဲသော ထောင်သားမရှိအောင် လူအင်အားရှိသည်၊ အကြောင်းရှာ၍ ပြောတတ်သော ရဲမေမရှိအောင် ပိုက်ဆံ အင်အားလည်းရှိကြောင်း ချယ်ယောင်း က ၃ရက် အတွင်းသက်သေများစွာဖြင့်ပြခဲ့သည်။ မိန်းမကျေးဇူးဖြင့်ကိုယ်ပိုင် အိမ်သာ၊ ကိုယ်ပိုင် အခန်း၊ ကိုယ်ပိုင် TV တစ်လုံး
လည်းအခန်းထဲတွင်ရှိနေသည်။ ကျေးဇူးတင်သော် လည်းပတ်ချယ်ယောင်း သုံးပေးနေသော ပိုက်ဆံများသည် သူ့ ပိုက်ဆံ များသာဖြစ်သောကြောင့် ကျေးဇူးတင်ရလည်းခက်သည်။ ဒီနေ့လည်း ရှေ့နေတစ်ဦးလွတ်ပေးလိုက်မည်ဟုပြောသောကြောင့်နေခဲ့ရခြင်းဖြစ်လိမ့်မည်။