Part 2

575 61 6
                                    

ရဲမေထွက်သွားပြီး ၁၀ မိနစ်ခန့်အကြာ

ရှေ့နေမလေးသည် အသံကိုမထွက် သူ့အင်္ကျီကိုသူပြန်လဲနေသည် ။ ထောင်ထဲဝင်လာခြင်းကို သူ့အိမ်သူ့ယာလိုပင် အနွေးထည်အင်္ကျီလေး ကောက်စွပ်သည် ၊ ခြေအိပ် ပန်းရောင်လေး ဝတ်သည် ၊ အပွစားဘောင်းဘီလေး ဝတ်ကာ ရဲမေပြောသွားသော အပြင်မှမမြင်ရဟုဆိုသောချောင်လေးတွင်ကပ်ကာ လပ်တော့ကိုဖွင့်နေသည်။ သူဘာနဲ့သုံးမှာလည်း ငါ့လိုလူတောင် ဖုန်းသုံးလို့တော့ အဆင်မပြေလွန်း၍ မသုံးရန်မေတ္တာရပ်ခံထားတာကို၊ အားကရော ဘယ်လိုသွင်းမှာလည်းဟုတွေးမိချိန်တွင် သူ့မျက်နှာလောက်ကြီးသော powebank ကိုထုတ်သည်။ ကိုယ့်ကိုမရှိသလိုပင် လပ်တော့လေးဖွင့်ကာ စာအချို့ရိုက်ထည့်နေသည်။ မနေနိုင်တော့ စကားအကောင်းလည်းမပြောနိုင်သဖြင့် ရှေ့နေပေါက်စအား

"မင်းကိုထောင်ထဲလာရင် သူငယ်ချင်းအိမ်သွားသလိုဝတ်ရမယ်လို့ ဘယ်သူကပြောလည်း။"

"ရန်မစနဲ့ ၊ ထောင်ထဲကိုမလာခင်ခေါ်သွင်းပေးမဲ့ ရဲမေမကပေါ်ပေါ်ထင်ထင် မဖြစ်တာမျိုးလေးရွေးဝတ်ဖို့ပြောလာလို့တမင်ရှာဝတ်ခဲ့တာ။"

သူ၏ပေါ်ပေါ်ထင်ထင်မဖြစ်စေရန်ရွေးခဲ့ခြင်းသည်ကြမ်းကြမ်းတမ်းတမ်းထောင်ထဲတွင်ဝတ်ရန်ပန်းရောင်ဝမ်းဆက်လေးဖြစ်သည်။ခြေအိပ်ကလေးပင် ပန်းရောင်ဖြစ်သည်။ ရန်မစနဲ့ပြော၍ မျက်စောင်းဖြင့်လှမ်းထိုးသေးသည်။

"မင်းကရှေ့နေရော ဟုတ်ရဲ့လား"

"အမှုသည်နှစ်စဉ်လာဟောပြောပွဲလာလုပ်နေတဲ့ ဥပဒေကျောင်းက အမှတ်အများဆုံးနဲ့အောင်တဲ့ ရှေ့နေ ကင်ဂျင်းနီပါ။ဒီအမှုကပထမဆုံးနဲ့နောက်ဆုံးအမှုဖြစ်လို့ သက်သေဖျက်ဆီးမှုအဆင်ပြေတာနဲ့ ပတ်လာလီဆာ အပြင်ပြန်ရောက်စေရပါမယ်"

"မင်းက.."

"ခဏလေး ပြီးအောင်ပြောမယ် ၊ ဒီဝတ်စုံနဲ့ဖြစ်နေလို့ ရီစရာကောင်းနေမယ်ဆိုတာသိပင်မဲ့ ဒီလို ခိုးဝင်လာပြီးဖြေရှင်းပေးရတာ ကျွန်မအတွက် စိတ်မသက်မသာ အများကြီးဖြစ်စေပြီး အန္တရာယ်လည်းအရမ်းများလို့ မြန်မြန်ပြီးချင်ပါတယ်၊ ဒီ ၄ ရက်အတွင်းပြီးအောင်ကူညီပေးပါ ပတ်လာလီဆာ "

ပြောစရာရှိတာကို စာတမ်းရွတ်သလိုပြောချသွားပြန်ပြီးမှ သူပြောလို့ပြီး၍ ကိုယ့်အလှည့်ရောက်ကြောင်းခေါင်းလေး ညိမ့်ပြသည်။ ပတ်ချယ်ယောင်း ဒုက္ခ အင်မတန်ပေးသည်မှာထောင်ထဲရောက်သည် အထိပင် ။

"မင်းကို ယုံကြည်လို့ရကြောင်း အာမခံချက်လေးတောင်မပေးတော့ဘူးလား၊ ငါက နောက်ကျောက ထိုးမဲ့ဓားကို အကြောက်ဆုံးပဲ။ ခံရပါများလာတာလည်းပါတာပေါ့"

"ပတ်လာလီဆာအနေနဲ့ ကျွန်မကို ရှေ့နေတစ်ယောက်အနေနဲ့ ယုံကြည်ပြီးအကုန်အမှန်တိုင်းပြောစေချင်ပါတယ်၊ ပတ်လာလီဆာ နဲ့ ကျွန်မဆုံးဖြတ်ချက်ချသလို နောက်ကလိုက်ဆောင်ရွက်ပေးမဲ့ သူတွေကိုလည်း ကျွန်မတို့စီစဉ်ပြီးပါပြီ"

ထိုသို့ပြောကာ အနွေးထည်အိတ်ထဲမှစကားပြောစက်လေးအားထောင်ပြလာသည်။

"ကျွန်မတို့ဆိုတာ မင်းနဲ့ပတ်ချယ်ယောင်းလား ၊ မင်းနဲ့ ငါ့ပါတီကလူတွေလား"

"ကျွန်မနဲ့ ပတ်ချယ်ယောင်းပါ ၊ ပြောရမှာ အားနာပင်မဲ့ ပါတီမှာ ရှင်ကိုပြန်လွတ်လာပြီး ရွေးကောက်ပွဲဝင်စေချင်တာ ၁၀ ယောက်တောင် မပြည့်တော့ပါဘူး"

"မင်းကရော ငါ့ကိုဒီလောက်ထိလိုက်လုပ်ပေးဖို့အတွက် ပတ်ချယ်ယောင်းစီက ဘယ်လောက်ရလဲ"

"ဝမ် ၉သောင်း"

"ဘယ်လို?"

"ဟုတ်ကဲ့ ကျွန်မ အတွက် ပိုက်ဆံမလိုလို့ပါ၊ကျွန်မ ကိုပိုက်ဆံမက်တဲ့ ရှေ့နေတွေလို ဆက်ဆံရင် ကျွန်မဒီအမှုကို လက်လွတ်မှာပါ။"

"မင်းက ပိုက်ဆံမလိုပဲ ဒီလောက်ထိ အန္တရာယ်များတဲ့ ငါ့ပြစ်မှုဖုံးတဲ့ကိစ္စကိုဝင်ပါတာလည်း၊ အထူးအဆန်းလေးပဲ မင်းက "

"စိတ်ဝင်စားလို့ပါ"

မျက်နှာတည့်တည့်ကြည့်၍ပြောလာသော စကားမှာ လာလီဆာတို့၏ ပိုင်ရှင်ရှိသော နှလုံးသားက ရင်စခုန်သည်။

"ဟမ်?"

"ကျွန်မပြောတာ ပတ်လာလီဆာ ကိုမဟုတ်ပဲ ၊ ဒီအမှုကိုပါ"

You've reached the end of published parts.

⏰ Last updated: Jul 11, 2023 ⏰

Add this story to your Library to get notified about new parts!

Cloud Where stories live. Discover now