" ငါ...နင့်ကိုပြောသားပဲ ချယ်ယောင်းရယ် ဘာမှမဖြစ်ပါဘူးဆို နင်က အစိုးရိမ်လွန်နေတာကို "
ပွစိပွစိပြောကာ အိမ်ထဲသို့ လီဆာအရင်ဝင်လိုက်သည်။ လီဆာ့နောက်မှ ချယ်ယောင်းဝင်လာလိုက်လေသည် ။ လီဆာဆိုသည်မှာလေ စိုးရိမ်နေသည်နှင့်မတန် ခပ်ပေပေလူမျိုး ။ လောကကြီးထဲ မိဘတွေမရှိတော့ကတည်းက လီဆာနှင့်သူမမှာ မိသားစုအရင်းနှင့်မခြားပေ။ လောကဓံရဲ့ရိုက်ချက်တွေကြား အတူတူရင်ဆိုင်ခဲ့ကြသည် ။သွေးသားရင်းမဟုတ်သော်ငြားလည်းညီအစ်မရင်းလိုခင်တွယ်ရသည်မှာ လီဆာတစ်ယောက်တည်းသာရှိသည်။
လီဆာနေမကောင်းလည်း သူမမှာပူရသည်။ အသည်းကွဲလည်း ကူရသည်။ ညီမလေးတစ်ယောက်နဲ့မခြားပေ ။ ပတ်ဝန်းကျင်ကလူအများကတော့ ကျွန်မက လီဆာ့ကို တစ်ဖက်သတ်သဘောကျနေသည်ဟု ပြောဆိုတတ်ကြပေမယ့် ဘာမှပြန်မဖြေရှင်းချင် ။ သူတို့စွပ်စွဲပြောဆိုနေကြသည်မှာ ဟုတ်မှဟုတ်မနေခဲ့တာ။ အချစ်ဆိုတာကို လီဆာ့ကိုကြည့်တာနဲ့တင် စိတ်ကုန်နေပြီဖြစ်သည်။ မပူလောင်ရသည့် ၅၂၈ မေတ္တာကိုသာ လိုအပ်လေသည်။
" ဘာကို ဘာမှမဖြစ်တာလဲ ဆရာဝန်ကအခုဘာမှာလိုက်လဲနင်ကြားတယ်မလား "
" အအိပ် အစားဂရုစိုက်ဖို့နဲ့ အရက်တွေသိပ်မသောက်တော့ဖို့လေ "
ချယ်ယောင်းရဲ့ အမေးကိုဘဲပေါက်လေးသဖွယ်နှုတ်ခမ်းလေးဆူကာ လီဆာဖြေလိုက်သည်။ လီဆာဆိုသည်မှာလေ အသက်သာကြီးလာတာ ကလေးဆန်တုန်း ။သူ့ကိုဆူလျှင် မျက်နှာငယ်လေးလုပ်ကာ ချွဲတတ်တုန်း...
" သိရင်လည်းပြီးရော ခဏနေ နေ့လည်စာ စားပြီးတာနဲ့ဆေးသောက်ပြီး နားလိုက်တော့ ဒီနေ့အလုပ်ကိုမလိုက်နဲ့တော့ ငါပဲ သွားလိုက်မယ် "
လီဆာ့ကိုပြောပြီး အလုပ်သွားရန် အိတ်ကိုဆွဲကာ ချယ်ယောင်းထွက်လာလိုက်သည်။ အလုပ်ကသာစပ်တူလုပ်တာ တကယ်တမ်းကျ လုပ်နေရသည်မှာ သူမတစ်ယောက်တည်းလိုလိုပင် ။ သို့ပေမယ့် သူမ မငြိုငြင်ပါ အလုပ်လုပ်နေရလျှင်ကို စိတ်ပင်ပန်းတာတွေပျောက်သလိုခံစားရသည်။ ထို့ကြောင့် အပေါင်းအသင်းများက ပတ်ချယ်ယောင်းဆိုသည်မှာ အလုပ်သရဲ ။သူကအလုပ်နဲ့လက်ထပ်ထားတာလို့ပင်ပြောတတ်ကြလေသည်။
YOU ARE READING
You're all I want (Completed)
Fanfictionကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်