ကူးပြောင်းခြင်း

334 29 8
                                    

''ဟ ဒါကြီးကမဟုတ်သေးပါဘူး''

ကျန်းဟောက်ရဲ့အသံကျယ်ကျယ်ကအိမ်အတွင်းကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာ၏။အလုပ်နားရက်ဖြစ်တာမို့ကျန်းဟောက်ပျင်းနေတာနဲ့အခုတလောနာမည်ကြီးနေတဲ့ 'Chase You In My Dream' စာအုပ်ကိုဖတ်မိပါတယ် သောက်သောက်လဲ အကျိုးနည်းစာအုပ်ဖြစ်နေတာလေ။ဇာတ်လိုက်မင်းသမီးကကျန်းဟောက်ရဲ့အချစ်ဦးဖြစ်သည်။ဘယ်မိန်းမမှစိတ်မဝင်စားပေမဲ့ရှန်ယင်းဟွာကိုတော့ကျန်းဟောက်ကစာနဲ့တင်ကိုပစ်ကြွေနေတာဖြစ်သည်။အထူးသဖြင့်ဇာတ်လိုက်မင်းသားနာမည်က ကျန်းဟောက် ဆိုတဲ့သူနာမည်ဖြစ်နေတာမို့ အတော်လေးကိုအူကြွနေခဲ့ရတာဖြစ်သည်။ဒါပေမဲ့ခုတော့ဇာတ်လိုက်မင်းသမီးကသေသွားတယ်တဲ့ကွာ။စိတ်နာစရာ။

''ကျက်သရေမရှိလိုက်တာ အဲ့စာရေးဆရာဝူရှီဂျွန်းကရူးနေတာလား ငါရဲ့ယင်းဟွာလေးကိုလုပ်ရက်လိုက်တာ''

'တွေ့လို့ကတော့အရှင်လတ်လတ်မြေမြှပ်ပစ်မယ် စောင့်နေ '

မနေနိုင်မထိုင်နိုင်အောင်ဖြစ်နေတာမို့ ဝူရှီဂျွန်း ရဲ့Instagramမှာပါရအောင်စာပို့လို့ခြိမ်းခြောက်ပစ်လိုက်သည်။မျက်နှာချင်းဆိုင်မတွေ့စေနဲ့ပေါ့ကွာ ။

''ဟဲ့ ကျန်းဟောက် နင်နေ့လည်စာမစားဘူးလား အလုပ်လေးတစ်ရက်နားတာကိုအဲ့စာအုပ်တွေဘဲဖတ်နေ နင်တစ်သက်လုံးလူပျိုကြီးဖြစ်မယ်!!! နင့်သူငယ်ချင်းတွေအိမ်ထောင်ပြုသားမွေးနေချိန်မှာ နင့်မှာတော့ဟယ် ပြောရရင်လည်းလူကြားမကောင်းဘူး ကောင်မလေးတွေမကြိုက်လို့ကောင်လေးခေါ်လာမယ်ဆိုလည်း ခေါ်ခဲ့ပါတော့ဟယ်!! နင်အခြေငြိမ်တာစောင့်ရင်းငါသေတော့မယ် ကျန်းဟောက်ရဲ့! !!!"

အောက်ထပ်မှမာတာမိခင်၏အသံကြောင့်ကျန်းဟောက်စိတ်တိုစွာအိမ်အောက်ကိုလှေကားတွေကျော်ခွကာဆင်းလာလိုက်သည်။ဘာကိစ္စကောင်လေးတွေကြိုက်ရမှာတုန်း။သူကအဖြောင့်မှ... အဖြောင့်...အမလေး မျိုးတုန်းပြီထင်ပါရဲ့။

__________________

''ထစမ်း သေနေသလိုဘဲ''

''အယ် သေမလိုဖြစ်သွားတာဘဲ ထားပါ''

''ဒါပေမဲ့ နိုးသင့်နေပြီ ရှီဂျွန်းသိရင်အော်ခံနေရတော့မှာဘဲ''

ECLIPSEWhere stories live. Discover now