15

1.2K 95 4
                                    

Unicode

ကိုကို အာငွေ့ပေးလို့ နွေးထွေးသွားသည့် ရိပေါ်လက်လေးတွေကို ထပ်‌မအေးသွားစေရန် ကိုကိုက သူ့လက်တွေနဲ့ အုပ်မိုးဆုပ်ကိုင်‌ထားပေးတယ်။

"Mr Xiao အမျိုးသားနဲ့ မိတ်ဆက်ပေးပါအုံး"

အသံကြောင့် လှည့်ကြည့်လိုက်တော့ Mr Joh က ဆုပ်ကိုင်ထားတဲ့ သူတို့လက်နှစ်သွယ်ကို ကြည့်ပြီး ပြုံးတုံတုံနဲ့ပြောတယ်။
ပြီးတော့ သူတို့ရဲ့မျက်နှာချင်းဆိုင်က ခုံမှာ ၀င်ထိုင်တယ်။

"ဪ.. Mr Joh.. မဟုတ်လည်း မိတ်ဆက်‌ပေးမလို့ပါ။ စောတုန်းက သံအမတ်ကြီးနဲ့ အရင် စကားပြောနေရလို့။
Mr Joh ဒါက ကျွန်တော်နဲ့ လက်ထပ်ထားတဲ့ ကျွန်တော့်အမျိုးသား..
နာမည်က ၀မ်ရိပေါ်တဲ့။
သည်းညှာ ဒါက Joh Group ရဲ့ Founder Mr Joh Tony တဲ့"

"‌တွေ့ရတာ ၀မ်းသာပါတယ် Mr Wang!"

"ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ်ဗျ"

Mr Joh က နှုတ်ဆက်ဖို့ လက်ကမ်းပေးတော့ ကိုကို့လက်ဖဝါးတွေကြားက ရုန်းထွက်ပြီး လက်ဆွဲပြန်နှုတ်ဆက်လိုက်တယ်။
ဒါတောင် ကိုကိုက မလွှတ်ပေးချင်တဲ့ပုံနဲ့။
သဲလိုက် ကဲလိုက်တာ ဆိုတာ။

Joh ကMr Xiaoရဲ့ အသည်းအသက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ Mr Xiao ဂရုစိုက်ပေးထားလို့ နွေးထွေးနေတဲ့ လက်နုနုနွေးနွေးရဲ့ အထိအတွေ့ကို ခံစားရတယ်။
သူမြင်တယ်။ Mr Xiao က သူ့အမျိုးသားငယ် လက်တွေကို အာငွေ့ပေးပြီး အနွေးဓာတ်ပေးနေတာကိုရော၊ မအေးအောင် ခပ်တင်းတင်းဆုပ်ကိုင်ပေးထားတာတွေရောက်ို‌ပေါ့ ။
Mr Xiaoရဲ့ ချစ်တတ်မှုကြီးကိုကြည့်ရင်း Joh လည်း အားကျလာတာမို့ Miland ကို ပြန်ရောက်ရင် ကောင်လေးတစ်ယောက်လောက်ကို ချစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့အသက်အရွယ်နဲ့ဆို ဦးနဲ့Babyလောက်တော့ ဖြစ်ကောင်း‌ဖြစ်နိုင်ပါသေးတယ်လေ။

ဒီလိုနဲ့ Mr Joh လည်း သူတို့ကို နှုတ်ဆက်ပြီး ထွက်သွားတော့ ရှောင်းကျန့်က သည်းညှာကို ထမင်းကျွေးဖို့လုပ်တယ်။
ဘူဖေးမို့ သည်းညှာကို ဘေးနားခေါ်ပြီးအဆင်ပြေရာရယ်၊သည်းညှာစားချင်တာရယ်ကို ညှိပြီး ရွေးထည့်ပေးရတယ်။
ကြိုက်တာစားဆိုပြီးသာ လွှတ်ထားရင် သည်းညှာက မဟုတ်‌တာတွေချည်းစားမှာကို ရှောင်းကျန့်သိတယ်။

It's You - 바로 너 - ReuploadWhere stories live. Discover now