မြင်မြင်ချင်းအချစ်က တကယ်ရှိတာ ကျွန်တော်ယုံခဲ့ပြီ
"မင်းကို ငါလိုက်တော့မှာ ငါ့အပိုင်ဖြစ်တဲ့အထိ"
........
ကျောင်းဆင်းချိန်ဖြစ်၍ အနောက်ဘက် ဘတ်စကက်ဘောကွင်းထဲတွင် လူအပြည့်ဖြစ်နေသည်။နေ့တိုင်းဆို အခုလောက်လူမရှိ၊ဒါပေမဲ့ ဒီနေ့တော့ အခန်း အေ နဲ့ ဘီရဲ့ပြိုင်ပွဲရှိတာမလို့ ပုံမှန်ထက်လူပိုများနေခြင်းဖြစ်သည်။ရှင်းမ်ဂျယ်ယွန်း ဒီနေ့ကျူရှင်မသွားဘဲ ဘတ်စကက်ဘောကွင်းသို့ရောက်လာခဲ့သည်။မာမီသိလျှင်အဆူခံထိမည်ကိုသိပေမဲ့လည်း ထိုသူကိုမတွေ့လိုက်ရပါက သူပို၍စားမဝင် အိပ်မပျော်ဖြစ်ရလိမ့်မည်။
"ဟာ ဂျယ်ယွန်း ဒီမှာလာထိုင်"
အတန်းဖော်သူငယ်ချင်းကခေါ်တော့ ဂျယ်ယွန်းနေရာရှာမနေပဲ သူ့နံဘေး၌သာဝင်ထိုင်လိုက်တော့သည်။သူမလက်ထဲတွင်ကိုင်ထားသော ACE လေးအတော်ဆုံးနဲ့အချောဆုံး ဟူသော slogan ကိုမြင်လိုက်တော့ ဂျယ်ယွန်းမျက်မှောင်ကြုံ့လိုက်မိသည်။သူ့အပိုင်ဖြစ်လာမည့်သူအားအခုလိုကြူးနေသည်ကိုသူ မကြိုက်ပါ။သို့သော်ထိုသူကတော့ တစ်ကျောင်းလုံးရဲ့သည်းသည်းလှုပ်အချစ်ခံလေးပင်ဖြစ်နေသေးသည်။
ဂျယ်ယွန်းကွင်းထဲကိုကြည့်လိုက်တော့ တဖက်အသင်းသားနှင့်စကားပြောနေသောသူ့ကိုတွေ့လိုက်ရသည်။ချောသည်။ခန့်သည်။စာတင်မမှီလောက်သောဆွဲဆောင်မှုမျိုးထိုသူတွင်ရှိသည်။
"ဂျယ်ယွန်း ဘယ်အသင်းကနိုင်လိမ့်မယ်ထင်လဲ"
သူငယ်ချင်းကမေးတော့ရှင်းမ်ဂျယ်ယွန်း ကတောက်ပစွာပြုံးပြီးဖြေသည်။
"သေချာပေါက် ACE ရှိတဲ့အခန်းဘီကပေါ့"
.....
ဂျယ်ယွန်းပြောသည့်အတိုင်းပင် ဒီနေ့ရဲ့အောင်နိုင်သူကတော့အခန်းဘီဖြစ်သည်။ပြိုင်ပွဲပြီးသွားတော့ အကုန်လုံးကအိပ်ပြန်ဖို့ကွင်းထဲကထွက်သွားကြပေမဲ့ ဂျယ်ယွန်းကတော့ကွင်းအနောက်ဘက်က စက်ဘီးထားတဲ့နေရာကိုအမြန်ပြေးသွားရတော့သည်။ဒီနေ့အတွက် ထိုသူကို သူသကြားလုံးပေးရအုံးမည်။