သူအခုမြင်နေရတာက ညသန်းခေါင် သိပ်မလင်းတဲ့ မီးရောင်ဝါကျင်ကျင်အောက်မှာ သူ့ကိုကျောခိုင်းပြီး ဖုန်းရပ်ပြောနေတဲ့လူရယ်။ ပြီးတော့ အင်း ပြီးတော့ သူဘာမြင်ရသေးလဲ။ ဟင့်အင်း ဘာမှမတွေ့ရဘူး။ ဒီလူကလွဲလို့ သူ ဘာမှကောင်းကောင်းမမြင်ရဘူး။ မီးရောင်က ဝါကျင်ကျင်ရောဟုတ်လို့လား။
"ရှင်းမ်ဂျယ်ယွန်း"
အေးတိအေးစက်ခေါ်သံတွေကို သူသိပ်သဘောမကျဘူး။ အထူးသဖြင့် ကိုကိုက အဲလိုခေါ်တာမျိုးဆိုရင်လေ။ သူ့ကြောင့် စိတ်တိုနေတဲ့အခါတွေမျိုးမှာဆိုရင်၊ ကိုကိုက သူ့ကို အဲ့လိုပဲခေါ်တတ်တာ။ နာမည်အပြည့်အစုံခေါ်တာနဲ့ မျက်ခုံးကို နည်းနည်းကျုံ့ထားပြီဆိုရင် ဒါ စိတ်မကြည်တော့လို့ပဲ။
"ဟုတ် ကိုကို"
"မင်း ကလေးမဟုတ်တော့ဘူးနော်
အဲ့လောက် ဆိုးမနေနဲ့"ကြက်သွေးရောင်ဆိုဖာခုံမှာ ထိုင်နေတဲ့ ဂျယ်ယွန်းက ခေါင်းငုံ့ချရင်း ရွှေဝါရောင်ဆံနွှယ်တွေကို ခဏလောက် ဆုပ်ညစ်ထားလိုက်တယ်။ သူ့ဆံပင်တွေရှည်နေတာလည်း အခုထိ မညှပ်ချင်သေးဘူးတဲ့။
"ကလေးမဟုတ်တော့ဘူးဆို
လွှတ်ထားလိုက်ပါလား ကိုကိုရာ"ညအိပ်ချိန်ကြီးမှ ပြန်လာတတ်တဲ့သူကို ထပ်လွှတ်ထားလိုက်ရင် သူဘယ်လောက် ခေါင်းခြောက်ရဦးမလဲ ရှင်းမ်ဂျယ်ယွန်းမသိဘူး။
အခုလည်း ရဲစခန်းကနေ ဖုန်းဆက်တိုင်လို့ ဖြေရှင်းနေရသေးတာမလား။ အခေါက်ပေါင်းမများဘူးဆိုပေမဲ့ နည်းတယ်လို့လည်း မခေါ်တော့ဘူး။
"ဂျယ်ယွန်း၊ မိုက်ကန်းကန်းအလုပ်တွေ မလုပ်ပါနဲ့တော့လား
ရန်ဖြစ်တာက မင်းနဲ့မလိုက်ဘူး"လက်ဆစ်လှလှလေးတွေပေါ်က အကွဲအပြဲဒဏ်ရာတွေကို ရှင်းမ်ဂျယ်ယွန်း ကြည့်လိုက်မိတယ်။ လူဘယ်နှယောက်ကို ထိုးခဲ့ပြီးပြီလဲ မမှတ်မိတော့ပေမဲ့ ဒီလိုတွေလုပ်နေရတာက အကြောင်းအရင်းမရှိဘူး။
အလုပ်ကြိုးစားပြီး စနစ်တကျနေထိုင်သူတစ်ယောက်အတွက်တော့ ဒါတွေက မုန်းတီးစရာ ကောင်းချင်ကောင်းနေမှာပေါ့။
YOU ARE READING
Eonian Falling
Fanfictionငါ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားရင် မင်းက လာရှာမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရောက်လာမှာကို ငါသိတယ်။