◾17◾

4.3K 491 43
                                    

(Unicode)

ရိုက်ကွင်းအနီးအနားက ကော်ဖီဆိုင်တွင်ဖြစ်သည်။ ဂျောင်ဂုရော ယူနာရော ဘာစကားမှ မပြောဖြစ်ကြဘဲ အတွေးကိုယ်စီနဲ့ ကော်ဖီကိုသာ တစိမ့်စိမ့်သောက်နေမိကြ၏။

အတန်ကြာမှ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလာသူက ကန်ယူနာ။

"သိပါတယ်.. အစ်မကို ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်လို သဘောမထားခဲ့မှန်း"

ဂျောင်ဂု ဘာမှပြန်မပြောမိ။ စကားတွေ လွန်ထားပြီးမှ ဖြေရှင်းချက်ပြန်ပေးနေရင် ဟာသပဲ ဖြစ်နေမှာမလား။

"ဒါပေမဲ့ အစ်မက‌တော့ ဂျွန့်ကို သဘောကျတယ်၊ စတွေ့ကတည်းကရော တွေ့ခဲ့တဲ့ အချိန်တိုင်းရော၊ ဂျွန်က ယဉ်ကျေးတယ်၊ manner လည်းကောင်းတယ်၊ အစီအစဉ်တွေ စိတ်ကူးတွေဆိုလည်း အစ်မကို အရင်ပြောပြခဲ့တယ်၊ အဲ့ဒါတွေကြောင့် အစ်မတို့ကြားမှာ အရာရာအဆင်ပြေနေတယ်လို့ တွေးခဲ့ပေမယ့်...၊ တကယ်တော့ ဘာခံစားချက်မှမရှိလို့ အစ်မတစ်ယောက်လို သက်တောင့်သက်သာဖြစ်‌နေခဲ့တာမလား"

"တောင်းပန်ပါတယ်"

ဂျောင်ဂု၏ တောင်းပန်စကားကြောင့် ယူနာပြုံးလိုက်မိသည်။ တောင်းပန်စကားပြောကတည်းက ဒါက ဝန်ခံလိုက်တာပဲမလား။

"အတူတွေ့တိုင်း ထယ်ယောင်းအကြောင်း ပြောတတ်တာကို သတိထားမိခဲ့ရမှာကို"

ပြောပြီးတာနဲ့ ယူနာဟာ ကော်ဖီတစ်ငုံထပ်သောက်လိုက်သည်။ ဂျောင်ဂုကတော့ ဘာမှတုန့်ပြန်ခြင်းမရှိဘဲ သူ့ရှေ့က ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေလျက်။

"အစ်မလည်း ဝန်ခံစရာရှိပါတယ်၊ ဂျွန့်ဘက်က စာမပြန်တဲ့အချိန်တွေ၊ ခေါ်တိုင်းရောက်မလာတာတွေ၊ မဆက်သွယ်ခဲ့‌တာတွေ၊ အဲ့လို အချိန်တွေမှာ အရမ်းခက်ခဲခဲ့တယ်၊ တစ်ခါတလေ ဂျွန့်ဆီက မေတ္တာတွေကို အရမ်းတောင့်တခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့တာတွေကြောင့် အထီးကျန်ရတယ်၊ အဲ့လိုတွေကြားထဲ အစ်မလည်း တခြားယောက်ျားလေးတွေနဲ့ ဒိတ်ခဲ့မိဖူးတယ်၊ stress ဖြေလျှော့ရုံသက်သက်ပေါ့"

ယူနာက ပြောပြီးတာနဲ့ ဂျောင်ဂုမျက်နှာကို အကဲခတ်ကြည့်ရာ စိတ်ဝင်စားခြင်းအလျဉ်းမရှိချေ။ ဘယ်သူနဲ့ ဒိတ်ဒိတ် ဘယ်သူနဲ့ အိပ်အိပ် ဝမ်းမနည်းဘူးဆိုတဲ့ မျက်နှာပေးမျိုး။ ယူနာ ရင်ဘတ်ထဲ အောင့်သက်သက်ဖြင့် နာကျင်ရပါသည်။

You Fill My Heart [Completed]Where stories live. Discover now