Part-11( Love )

697 49 2
                                    

Chae ကိုရီးယားကိုရောက်တာနဲ့ ဆေးရုံကိုဖုန်းဆက်ထားတာကြောင့် ဆေးရုံကားကို ထိုင်စောင့်နေလိုက်သည်။
LiLi ကိုလဲခေါ်လို့မရဘူး ရောက်ရောက်ချင်းနားပူမခံနိုင်သေးဘူးလေ။
နာရီဝက်လောက်ကြာတော့ ကားရောက်လာတာနဲ့ ဆေးရုံကို လိုက်ခဲ့လိုက်သည်။

" Roise သမီးပင်ပန်းနေရင် ခဏနားလိုက်လေ
ပြီးတော့မှ လာခဲ့ပေါ့"

" ရပါတယ် အန်ကယ်
လူနာအတွက်သမီး ပြန်လာတာပဲ မနားတော့ပါဘူး
တအားကြီးလဲ မပင်ပန်းပါဘူး"

" အင်း အင်း အာ့ဆို လူနာအခန်းထဲသွားလိုက်အုံးနော်"

Chae အန်ကယ်ကိုနှုတ်ဆက်ပြီး လူနာအခန်းထဲ သွားခဲ့သည်။ စစ်ဆေးစရာရှိရာ စစ်ဆေးခဲ့သည်။ လိုအပ်တာတွေက်ုလဲ Nurse တွေကိုပြောပြခဲ့သည်။

" Dr Roise အပြင်မှာလူနာတစ်ယောက်ရှိသေးတယ်ရှင့်"

" တစ်ယောက်ပဲလား"

" ဟုတ်ကဲ့"

" တစ်ယောက်ပြီးအောင်ကြည့်လိုက်ပါ့မယ်လေ
ပြီးမှပဲ နားတော့မယ်"

" ဟုတ် Dr
အာ့ဆို လူနာကြည့်ဖို့ပြင်ထားလိုက်မယ်နော်"

" အင်း အင်း"

Chae လူနာရှိတဲ့အခန်းထဲကို ဝင်လာခဲ့လိုက်သည်။

" Dr Roise"

" Unnie Irene"

" ပြန်ရောက်ပြီလား Roise"

" ဆေးရုံလာသေးတာလားဟင်"

" အော် Soo နဲ့လာတာ
Roise မရှိလို့ပြန်သွားတာ"

Roise ကိုအကြောင်းစုံပြန်ပြောလို့မဖြစ်ဘူးလေ
တော်ကြာ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာစိုးလို့ စကားကိုထိန်းပြောနေရသည်။

" Soo အခုတလောနေကောင်းရဲ့လား"

" နေကတော့ကောင်းပါတယ်
အလုပ်တွေ အရမ်းလုပ်နေလို့ ရောဂါပြန်ဖောက်မှာပဲဆိုးတာ"

" Soo ကိုဆေးခန်းပြဖို့ ခေါ်ခဲ့ပေးပါနော်"

" Soo ကို Unnie လဲမနိုင်ဘူး
အခုတောင် မလာခင်ခေါ်ခဲ့သေးတယ်
မလိုက်ဘူးတဲ့"

" Roise ကိုစိတ်ဆိုးနေတာတော့ မဟုတ်ဘူးမလားဟင်"

" ရှင်"

The Only Exception Where stories live. Discover now