ဝမ်ရိပေါ်စိတ်လှုပ်ရှားနေတယ်။
ဒီနေ့ဟာ သူ့အမျိုးသားရှောင်းကျန့်ရဲ့ ၂ပတ်တာ အလုပ်ခရီးစဉ်ပြီးဆုံးလို့ပြန်လာမဲ့ရက်ဖြစ်တာမို့ သူသိပ်ကိုစိတ်လှုပ်ရှားနေမိပါတယ်။ရေမိုးချိုးသန့်စင်လို့ အမွှေးအကြိုင်လေးတွေ လိမ်းကျံပြီးတဲ့နောက်မှာ ရိပေါ်ရဲ့ခန္ဓာကိုယ်လုံးလုံးလေးဟာ နို့နံ့လေးသင်းနေတဲ့စားချင်စရာကိတ်မုန့်တုံးကလေးလိုဖြစ်နေပြီ။
ကိုကိုက ခရီးကပြန်လာမယ်ဆိုပေမဲ့လည်း သူကတော့ သွားမကြိုရဘူး၊ ကိုကိုက သူ့ကိုအိမ်မှာပဲနားနားနေနေ နေစေချင်တာ။ အဲ့တာကြောင့် သူဟာကိုကို့ကိုတမျှော်မျှော်ဖြစ်ရင်း အိမ်တံခါးဝကလေးဆီကိုပဲ ရေရေရာရာမရှိငေးလို့နေမိပါတယ်။
"Ting tong"
တံခါးဘဲလ်တီးသံကြားလိုက်ရတဲ့အခိုက်မှာတော့ ရိပေါ်ရဲ့နားရွက်ကလေးတွေဟာကြောင်နားရွက်ကလေးတွေလိုဆတ်ခနဲတုန်လို့သွားပြီး ဧည့်ခန်းထဲကနေစိတ်လှုပ်ရှားစွာမြန်မြန်ပြေးထွက်လာလိုက်မိတယ်။ တံခါးကိုဆွဲဖွင့်လို့ သူသတိရနေခဲ့တဲ့ရင်အုပ်ကြီးကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ရိပေါ်ဘာမှနှစ်ခါပြန်စဉ်းစားနေစရာမလိုတော့ဘဲ ပြေးခုန်ဖက်လိုက်မိပါတော့တယ်။
ကိုကိုကသိပ်ကိုသန်မာတာပဲ။ ရိပေါ် အရှိန်နဲ့ခုန်လိုက်ပေမဲ့ ကိုကိုအတွက်တော့ခြေလှမ်းနောက်တစ်ချက်ယိုင်ရုံ။ကိုကို့လည်တိုင်ကိုခပ်တင်းတင်းဖက်ရင်းမျက်နှာလေးကိုဝှက်ထားမိလိုက်တယ်။
သူ့ရဲ့အချွဲပိုမှုကို ကိုကိုက သဘောကျစွာပြုံးရင်း လက်ဝါးပြင်ကျယ်ကျယ်များနဲ့ သူ့တင်ပါးကနေထိန်းကိုင်ပြီး ဧည့်ခန်းထဲဝင်တဲ့တစ်လျှောက်လုံးတိုင်ပွေ့ချီသွားပါတယ်။
ဆိုဖာပေါ်မှာထိုင်ပြီးသည့်တိုင် ရိပေါ်ဟာ ကိုကို့ကိုယ်ပေါ်နေမဆင်း၊ ခွရက်ကလေးသာဖြစ်လို့ ကိုကို့ရင်ခွင်ထဲအတင်းတိုးဝင်လို့အီနေမိတယ်။
ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲဝင်ပြီး တအီအီနဲ့ခွေးပေါက်လေးလို ချွဲရတာကိုသိပ်ကြိုက်တယ်။အထူးသဖြင့် ဒီလိုခရီး ကပြန်လာတဲ့ရက်မျိုးတွေမှာဆို ပိုပြီးတော့ပေါ့။ ဒါကို ကိုကိုကသိတော့ သူ့အလိုကျပဲနေစေပြန်တယ်။