🧡အတိတ်မေ့ခင်ပွန်း🧡Part 11
ဒီပယံ သူ့ဘေးမှာ ထမင်းစားနေတဲ့ ဇနီးလေးအား တကြည့်ကြည့်ဖြစ်နေသည်
သူတို့ရဲ့သားငယ်ထင်ထင်ကတော့ ထုံးစံအတိုင်းလူကြီးလေးလိုပြုမူနေသည်
"ချမ်း စား...."
သူမက ရုတ်တရက်က သူ့ကို ခွံကျွေးလာတော့ သူအကျင့်ပါနေတဲ့အတိုင်းပါးစပ်ဟပေးလိုက်ရာ သူမက ပြုံးပျော်စွာကြည့်လေသည်
'ဟူးးးး....'
အဲ့တော့မှ သူသက်ပြင်းချမိသည်
သူ့ဇနီးလေးက သူ့ကို ချစ်တုန်းပင်......သူစိုးရိမ်နေခဲ့တာ သူမက သူမရဲ့ စိတ်ဝေဒနာဖြစ်နေတဲ့အချိန် အခွင့်ကောင်းယူတဲ့လူလို့ သူ့ကို ထင်သွားမှာကိုပေါ့.....
ထိုစဉ် ထင်ထင်က ခါကြက်ဥတွေဖယ်နေ၍ ပန်ပန်က မျက်မှောင်ကြုံ့ကာ
"ထင်ထင် ခါကြက်ဥတွေဖယ်မစားနဲ့...."
"မာမားကလည်း...."
ထင်ထင်ကနှုတ်ခမ်းလေးဆူကာပြောတော့ သူမထင်ထင့်နှုတ်ခမ်းထောင့်မှာပေနေတဲ့ ဆီတချို့ကို သုတ်ပေးလိုက်သည်
"သားdaddyအတိုင်းလုပ်မနေနဲ့ မျှတအောင်စား..."
ဒီပယံ ပန်ပန်ရဲ့ ခပ်တည်တည်ပြောလိုက်တဲ့စကားကြောင့် သောက်နေတဲ့ရေ နင်သွားပြီး ပန်းကန်ထဲက ဖယ်ထားမိတဲ့ ခါကြက်ဥတွေ အမြန်စားလိုက်ရသည်
ပန်ပန်ကတော့ ချမ်းရဲ့ ချစ်စရာကောင်းတဲ့အပြုအမူကြီးကြောင့် ကြိတ်သဘောကျနေလေသည်
'ဒီမြေခွေးအိုကြီးကို ပိုပိုချစ်လာပြီ...'
သူမတို့ ထမင်းစားပြီးတာနဲ့ ထင်ထင်လေးက ကျောင်းကားနဲ့ကျောင်းသွားလေသည်
သူမလည်း ထုံးစံအတိုင်း ချမ်းရဲ့လက်မောင်းကိုဖက်ကာ ခြံထဲဆင်းခဲ့သည်
အမြဲမပြောင်းလဲတဲ့ ရိုးရှင်းတဲ့ခြံဝန်းကျယ်ဟာ ဒီနေ့တော့ အဓိပ္ပာယ်တွေပြည့်နေသည်
"ကိုယ် ကိုယ်တောင်းပန်ပါတယ်...."
ဒီပယံ သူမ အဆင်ပြေနေတဲ့ပုံပေါက်ပေမဲ့ သူ့လုပ်ရပ်အတွက် သူတောင်းပန်သင့်တယ်လို့ထင်သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....