"အစ်ကို"
"နားညီးတယ် တော်ပါတော့ကွာ"
ပေါက်ပေါက်ဖောက်သလိုစကားလုံးတွေသည် စိတ်ရှုပ်သည်ရယ်မဟုတ်သော်လည်း စိတ်ပျက်သည့် level ကိုရောက်ရှိနေခြင်းသည် အတော်ကြာလှပီ။
"ဒီအပုဒ်လေး ရှင်းပြပါလား "
စာထိုင်ဖတ်နေသည့်အစ်ကို့နားဖြည်းဖြည်းလေးသွားရင်းသူ့စာအုပ်ကိုစားပွဲပြောချကာသူနားမလည်သည့်စာပုဒ်ကိုမေးနေသည်။
"ငါမအားဘူး စာဖတ်နေတာလေ မင်းမြင်တယ်မလား!!!"
အော်လည်းJiminသည်
မျက်ဝန်းကျဉ်းလေးတွေပြူးကျယ်ပြီးကြည့်သည်။
နာရကောင်းမှန်းသူမသိ
မလိုလာနေမှန်းဒီ 10ကျော်သက်ကောင်လေးမသိနေခဲ့။"အစ်ကို"
"ကျောင်းမှာ မင်းသေချာလိုက်ကြည့်လေ သွားပါကွာ"
အစ်ကိုစိတ်ရှုပ်သွားခဲ့သည်လား။မျက်နှာတွေသည်သိသာသည်။ဖတ်နေသည့်စာအုပ်ကိုအသံကျယ်အောင်ပိတ်ချပစ်လိုက်ပုံကကြောက်စရာ။Jiminကြောက်လန့်ကာဘာမှတောင်ထပ်အထွန့်မတက်ခဲ့။စာပွဲပေါ်ကသူ့ယူလာတဲ့စာအုပ်တွေကိုပြန်ပိုက်ကာအိမ်ကိုပြန်လာခဲ့သည်။
ဒီလိုအခြေနေသည်ခနခန။မရမှန်းသိပင်မဲ့အားကိုးမိသူကိုတော့ အကြိမ်ကြိမ်စာရှင်းပြဖို့သူကလာသည်။တစ်ဖက်ကစိတ်ရှုပ်တဲ့အမူယာလေးပြရင်သေးနုတ်ကာသူကပြန်သည်။
အစ်ကိုကသိပ့်စိတ်ရှုပ်မခံ။
အစ်ကိုကစာဖတ်နေရင်စိတ်ရှုပ်အောင်လုပ်
တာမျိုးကိုမုန်းသည်။အစ်ကိုမုန်းမှာကြောက်ပါသော်လည်း
စာတွေကိုသူနားမလည်ပါ။ဆရာမရှင်းပြရင်သူတစ်ခါနဲ့နားမလည်တာဟာအားနည်းချက်တစ်ခုဖြစ်နေခဲ့သည်။စာတွေကို လိုက်မကြည့်တာမျိုးမဟုတ်ပါ
တုံ့ပြန်မှုနှေးသောဦးနှောက်သည်
အစ်ကိုအကြောင်းတွေကလွဲပီး
အခြားအကြောင်းရာတွေကိုကြာကြာမမှတ်နိုင်။အစ်ကိုအကြောင်းတွေကိုကျွန်တော်ကစိတ်ဝင်စားပင်မဲ့ အစ်ကိုကတော့ကျွန်ေတာ်ကိုမြင်ရတာကိုမကြိုက်ပါ။
အစ်ကိုကခလေးတွေကိုမကြိုက်တတ်ဘူးမလား။