Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(70)
သူက အေးစက်စက်နဲ့ကျောင်းမင်းသားလေးဖြစ်နေတော့လဲ သူမကိုပဲမြင်တယ်
စရိုက်ဆိုးဆိုးနဲ့ သူငှေးသားပုံစံလေးဖြစ်နေခဲ့တုနး်ကလဲ သူမကိုပဲ သူမြင်တယ်
အခု မာစတာဖြစ်လာပြန်တော့လဲ သူမကို သူလိုချင်နေတုနး် ရူးရူးမူးမူးဖြစ်နေတုန်းပဲ
ဒါက သူမခံစားမိတဲ့ သူ့ရဲ့အချစ်ဆိုတာပါပဲ အရမ်းလုံခြုံတယ်လို့ခံစားရတယ်
သူ့ကိုတန်ဖိုးထားရမယ်ဆိုတာသိတယ် သူနဲ့တရားဝင်လက်ထပ်ပြီး ဘဝကိုကုန်ဆုံးချင်တယ် သူမဖုန်းထဲကိုစာရိုက်လိုက်ပြိး သူ့ကိုထောင်ပြလိုက်တယ်'မင်ထျန်း တို့ကိုလက်ထပ်မလား'
"........"
ရေတိုက်နေတဲ့ကောင်းမင်ထျန်းရဲ့လက်ကတွန့်သွားပြီး သူမကိုတခါမှမမြင်ဖူးသလိုစိုက်ကြည့်လာခဲ့တယ်
အဲ့အကြည့်ကြောင့် မုယွမ်ယွမ်မှာလဲ အနေခက်လာခဲ့ကာ
'အာ အာရုံမရှိရင်လဲ ဒီအတိုင်းနောက်ပြောလိုက်တဲ့စကားလို့ပဲမှတ်လိုက်......'
"အားးးးးးး"
"ဘာဖြစ်တာလဲ ! "
"မ'ကကျွန်တော့်ကိုလက်ထပ်ခွင့်တောင်းတယ် ဘုရားရေ ကျွန်တော်တကယ်မယုံနိုင်ဘူး ဒါ ဒါအိမ်မက်လား ဟမ် အိမ်မက်လား မ'ကျွန်တော့်ကိုတချက်လောက်ရိုက်ကြည့် "
"........"
မုယွမ်ယွမ် တွေးလို့မဆုံးသေး ကောင်းမင်ထျန်းက ထအော်လာတာကြောင့် မုယွမ်ယွမ်တစ်ယောက်ထိတ်လန့်သွားပြီး ကြက်သေသေသွားတော့တယ်
သူက ရိုက်ကြည့်လို့ပြောလာတဲ့အခါမှာတော့ သူမ အမြင်ကပ်သွားပြီး သူ့ကျောကုန်းကိုဗြန်းခနဲပဲ အားနဲ့ရိုက်ချပစ်လိုက်တယ်
"အားးးး အာ့ ကျွတ်ကျွတ် "
သူမလက်က တစုံတခုကိုသတိထားမိသွားပြီး သူကလဲ နာနာကျင်ကျင်အော်လိုက်တယ် သူမ မျက်နှာပျက်သွားကာ သူ့ကိုဆွဲလှည့်လိုက်ပေမဲ့ သူက တောင့်ထားပြီးမလှည့်ဘူး ဒါပေမဲ့ မုယွမ်ယွမ် ဒေါသတကြီးနဲ့စိုက်ကြည့်နေတဲ့အခါမှာတော့ အင်တင်တင်နဲ့လှည့်ပြလာလေတယ်

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...