Extra .1.မုယွမ်ယွမ်အသံပြန်ထွက်လာပြီ
မုယွမ်ယွမ်တို့လက်ထပ်လိုက်ကြပြီး ကောင်းမင်ထျန်းကလဲ အလုပ်နဲ့အိမ်ကို တနေ့ လေးငါးခါလောက်ရင်းနဲ့ သူမကိုလဲ သူ့ အလုပ်ထဲ မကြာခနခေါ်သွားတတ်လေတယ်
ဖြစ်ချင်တော့ မနက်ထဲက မုယွမ်ယွမ်မှာ ခေါင်းမူးနေပြီးနေလို့မကောင်း
ကောင်းမင်ထျန်းကလဲ မသွားမဖြစ်အလုပ်ကိစ္စလေးရှိလေတော့ မုပါးပါးနဲ့ဝူလင်းယန် တို့ကြားထဲသူမကိုညှပ်ခဲ့ပြိး သက်တော်စောင့်ကိုယ်ရံတော်တွေကိုလဲတသီကြီးထားခဲ့ပေးပြီးမှ စိတ်မချနောက်ဆံတင်းစွာနဲ့အလုပ်ကိုသွားခဲ့တယ်
မုယွမ်ယွမ်လဲ အိပ်ရာထဲမှာပဲ လှဲပြီးအနားယူရင်းကြာလာတော့ ပိုပြီးထိုင်းမှိုင်းလာမှာစိုးတာကြောင့် အပြင်ထွက်လမ်းလျောက်ဖို့လုပ်ကာ အောက်ထပ်ဆင်းလာခဲ့တယ်
ဒါပေမဲ့ မီးဖိုချောင်ကအဖြတ် ရလိုက်တဲ့အနံ့ဟာ အပြင်းအထန်သူမရဲ့အာရုံကိုသွားဆောင့်လိုက်တာကြောင့် မူးနေတဲ့မုယွမ်ယွမ်မှာ ချက်ချင်းချွေးစေးတွေထွက်ပြီး တအော့အော့နဲ့လေတွေတက်ကာအန်ချင်လာတော့တယ်
သူမရဲ့ဖြစ်အင်ဟာ ဧည့်ခန်းထဲမှာချက်ဆော့နေကြတဲ့နှစ်ယောက်သားကိုလဲ လန့်သွားစေကာ သူမအိမ်သာထဲသွားအန်ချိန်မှာတော့ အပြင်ကနှစ်ယောက်သားဟာစိတ်ပူစွာနဲ့သူမကိုအော်ဟစ်နေကြလေပြီ
မုယွမ်ယွမ်လဲ အားပြတ်စွာအပြင်ကိုထွက်လာရုံရှိသေး ထပ်အန်ချင်လာတာကြောင့် အထဲကို ပြန်ဝင်ပြေးရပြန်တော့တယ်
အဲ့လိုအကြိမ်ကြိမ်အန်ရင်း နောက်ဆုံးမှာတော့ မုယွမ်ယွမ် မခံနိုင်တော့ မေ့လဲသွားလေတော့တယ်
ဘာကဘယ်လိုတွေဖြစ်သွားမှနး်မသိ သူမနိုးလာတော့ လက်တဖက်မှာအားဆေးပုလင်းကတန်းလန်းကြီးနဲ့ သူမကိုကြည့်နေတဲ့အားလုံးရဲ့အကြည့်တွေကလဲထူးဆန်းနေခဲ့တယ်
ကောင်းမင်ထျန်းကတော့ လုံးဝကိုစိတ်လွတ်ရူးသွပ်နေပုံရပြီး ဆံပင်တွေဖရိုဖရဲနဲ့ကို့ရို့ကားယားအနေအထားပုံစံလေးအတိုင်းထိုင်နေလေတယ်

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...