extra.2.zgi

104 2 0
                                    

Extra.2.အလိုလိုက်လွန်းတဲ့ကောင်းမင်ထျန်း

"ပါးပါး သမီးမုန့်ဖိုးကုန်သွားပြီ "

"ရော့ "

မုယွမ်ယွမ်က စာရင်းတွေလုပ်နေရာမှ မျက်မှန်ပင့်ပြီးလှည့်ကြည့်လိုက်တယ်

သူမ နာကျင်တာကိုမမြင်ချင်ဘူးလို့ဆိုတဲ့ကောင်းမင်ထျန်းက ကလေးနောက်တစ်ယောက်မယူတော့လို့ တဦးတည်းသောသမီးအဖြစ်အသေအကြေဆိုးနေတဲ့ ကောင်းမင်ယွမ်ကို အလိုလိုက်လွန်းတဲ့ ကောင်းမင်ထျန်းကြောင့် မုယွမ်ယွမ်မှာ မနဲတားခဲ့ရတာလဲ အကြိမ်ကြိမ်အခါခါ

အခုလဲ မုန့်ဖိုးလေးတောင်းတာကို black card ကြီးထုတ်ပေးတဲ့ကောင်းမင်ထျန်းကြောင့် မုယွမ်ယွမ်ခေါင်းကိုက်ရပြီ

"အဟမ်းးးးးး"

မုယွမ်ယွမ် ချောင်းဟန့်လိုက်တာနဲ့ နှစ်ယောက်သားအမြှီးကုတ်သွားကြပြီး အပြစ်လုပ်ထားတဲ့သူ‌တွေလိုလှည့်ကြည့်လာကြတယ်

သူမနဲ့ချွတ်စွပ်နီးပါးတူတဲ့ သမီးတစ်ယောက်နဲ့ သူမကိုအရမ်းချစ်လွန်းတဲ့ယောကျာ်းတစ်ယောက်ရယ် အဲ့နှစ်ယောက်ကိုကြည့်ကာ မုယွမ်ယွမ် သက်ပြင်းချမိတယ်

"ယောကျာ်း သမီးကို အရမ်းအလိုလိုက်ထားရင် တနေ့ပျက်စီးမှ ယောကျာ်းပဲအရင်ဆုံးငိုနေရမယ်နော်"

"အင်းပါ မ'ရယ် ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော့်သမီးကိုကျွန်တော်မှအလိုမလိုက်ရင်ဘယ်သူကအလိုလိုက်မှာလဲ "

"ကာစီးကာစီးလိုက်ပြောနေ က‌လေးကအရမ်းဆိုးဝါးလာမယ်သိလား"

"မဆိုးပါဘူး မင်ယွမ်လေးကအရမ်းသိတတ်ပြီလိမ်မာတာကိုဘယ်လိုလုပ်ဆိုးဝါးလာနိုင်မှာလဲ "

မုယွမ်ယွမ် မျက်ကန်းလိုဖြစ်နေတဲ့ကောင်းမင်ထျန်းကျောပြင်ကိုဗြန်းခနဲရိုက်ချလိုက်ကာ

"အပို‌တွေပြောမနေနဲ့ အဲ့ဒီကတ်ကိုပြန်သိမ်း ပြီးရင် နဲနဲလောက်ပဲမုန့်ဖိုးပေးလိုက် "

ကောင်းမင်ယွမ်က သူ့အဖေ သူ့အဖေကိုစည်းရုံးရေးဆင်းတာမအောင်မြင်တာသိ‌လိုက်တော့ ပျာပျာတာတာတာနဲ့မျက်နှာချိုသွေးတော့တယ်

"မားမားကလဲ ဒီနေ့စားပွဲရှိလို့ပါ ကျွေးတာကိုပဲလိုက်စားနေရင်ဒိတ်အောက်လို့ပါမာမီကလဲနော် နဲနဲပဲသုံးမှဟုတ်ပြီလား"

မုယွမ်ယွမ် မျက်မှန်ကိုပင့်တင်လိုက်ကာ

"သေချာလား ဂတိ"

"ကတိပေးပါတယ်မေမေ အာမခံတယ် လုံးဝအာမခံပါတယ်နော် နော် နော်လို့ နော်ပါဆို"

အမေလက်ကိုဆွဲရမ်းပြီး ချွဲနေတဲ့သမီးဖြစ်သူကြောင့် မုယွမ်ယွမ်မှာနောက်ဆုံးတော့လက်နက်ချသွားရတော့တယ်

"ကောင်းပြီ ကောင်းပြီ ကောင်းပါပြီ"။
"ယေးးးးးးး ဒါမှ တို့မေမေကွ"

ခုန်ပေါက်ပြီးပြေးသွားတဲ့ကောင်းမင်ယွမ်ရဲ့နောက်ကျောကိုသူမကြည့်နေတုန်း ကောင်းမင်ထျန်းကနောက်သိုင်းဖက်လာကာ

"နောက်ဆုံးတော့လဲ သမီးလေးကိုအလိုလိုက်တဲ့သူက ဘယ်သူပါလိမ့် ဟင်?"

"ဟမ့်"

မုယွမ်ယွမ် နှာမှုတ်လိုက်ပေမဲ့ တကယ်တမ်းကပြုံးနေခဲ့တာ

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမင်ထျန်းပြောသလို သူမရဲ့သမီးကိုသူမမှအခိုမလိုက်ရင်ဘယ်သူကများလာအလိုလိုက်မှာတဲ့လဲ.....

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now