intro

14 0 0
                                    

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း

Author: yayaya

Genre: Historical, Romance, Slice of life, Reincarnation

Source:Webnovel

Status: Completed

အံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ  စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်မိသည်။ အသက်သုံးဆယ်အရွယ် Singleအမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် ယခုမူ ကလေးမွေးဖွားနေခဲ့သည်။ အသက်မျှင်းမျှင်းရှုနေသော ကလေးသုံးယောက်ကို စိုက်ကြည့်ရင်း ရှချင်းလည်း ရူးမတတ် ဖြစ်သွားသည်။ သူမက ဘာကြောင့်များ ကလေးသုံးယောက်အမေ ဖြစ်သွားရတာလဲ။

ဖခင်ဖြစ်သူက “မင်းက လက်မထပ်ဘဲ အမျိုးယုတ်လေးတွေကို ဘယ်လိုတောင်မွေးရဲတာလဲ။ ငါတို့မှာ မင်းလိုသမီးမျိုးမရှိဘူး။ ခုချက်ချင်း ထွက်သွား..”

ရှချင်းသည် ကလေးမွေးပြီးနောက် အစက်ဝဝမရှုရခင်မှာပင် ဖခင်ဖြစ်သူ၏ အိမ်မှ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့အမေသည် သူ့မကိုသနားပြီး သူမအသက်ရှင်ရေးအတွက် မြေတစ်ဧကကို တိတ်တဆိတ်ပေးခဲ့သည်။ ရွေးချယ်စရာများမရှိ၍ ရှချင်းလည်း ပေါက်ပြားကို ကောက်ယူပြီး လယ်ယာလုပ်ငန်းကို စတင်ခဲ့ရသည်။

'ဟေ့.. ဟိုနေရာကလူ သေချင်ရင်လည်း ကျေးဇူးပြုပြီး တခြားနေရာမှာ သွားသေစမ်းပါ။ ကျေးဇူးပြုပြီး ငါ့ပြောင်းခင်းကို ညစ်ပတ်အောင် မလုပ်ပါနဲ့'

ရှချင်းလည်း သတိလစ်နေသည့်လူကို ဘေးသို့ဆွဲထုတ်ပြီးနောက် သူ့ကလေးများကို ပြုစုစောင့်ရှောက်ရန် အကူအညီလိုအပ်ကြောင်း ရုတ်တရက် သတိရသွားသည်။ *ဒီလူ့ကို လုပ်ရမှာလား။*

နောက်ပိုင်း၌ ချောင်းယန်ဟွေ့သည် ချစ်စရာကောင်းသော မျက်နှာလေးနှင့် ဒေါသကြီးသော ဇနီးလေးရှေ့၌ ဒူးထောက်လိုက်သည်။ သူ့တွင် လက်တစ်ဖက်စီ၌ ကလေးတစ်ယောက်စီရှိပြီး နောက်တစ်ယောက်မှာ ဂုတ်ပေါ်တင် တင်ထားသည်။ သူသည် ရှချင်းအား သနားစကားကောင်းစွာဖြင့် ကြည့်လိုက်သည်။

“အချစ်ရယ်.. အဲဒါက ကိုယ်တို့မိသားစု ဗီဇကြောင့်ပါ။ ကလေးအများကြီးမွေးပေးနိုင်တဲ့ ကိုယ့်ဗီဇကို ကိုယ်မထိန်းချုပ်နိုင်လို့ပါကွာ…”

“ထွက်သွား.. အခုထွက်သွား"

ရှချင်းသည် သူ့အား ဘေးသို့ကန်ထုတ်လိုက်သည်။ သူမ ကောက်ရသည့်သူမှာ သူမကလေးတွေ၏ အဖေအရင်းဖြစ်မှန်း မည်သူကသိမည်နည်း။ သူမသာ သိခဲ့ပါက စပါးခင်းထဲ၌သာ သေသွားဖို့ထားရစ်ခဲ့လိမ့်မည်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း   Author: yayaya   Where stories live. Discover now