နှလုံးသားကိုသေဆုံးစေ‌သော

1K 107 3
                                    

"သို့....နေလွှာယိမ်း....

ကျွန်မလေ အစ်မနာမည်လေးကို အရမ်းသဘောကျတာပဲသိလား။ဒါပေမယ့် နှလုံးသားနဲ့ရစ်နွယ်မိသွားတော့ အစ်မဆိုတဲ့နာမ်စားလေးကို ပိုချစ်တတ်ခဲ့ရတယ်။ပိုင်ဆိုင်ခွင့်ပေးခဲ့လို့ သိပ်ကိုကျေးဇူးတင်ရပါတယ်။အစ်မရဲ့နာကျင်မှု‌တွေကို ဘာတစ်ခုမှမသိခဲ့ရဘဲ ကျွန်မပဲနာကျင်ခဲ့ရတာပါလားလို့ အမြဲတွေးနေမိခဲ့လို့လည်း တောင်းပန်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်ချင်တာကိုဦးထိပ်တင်ပြီးလုပ်ချင်တာလုပ်လို့သင့်တော်ခဲ့ပေမယ့် ကျွန်မတို့အသက်တွေက သုံးဆယ်နားလေးကပ်နေပြီအစ်မရဲ့။ကိုယ့်စိတ်ဆန္ဒကို ရှေ့တမ်းတင်လို့မရဘူး။ဖြစ်သင့်တာကိုပဲ ရွေးချယ်ရတော့မှာ။

မနေ့က အစ်မ‌လက်ထပ်လိုက်ရတဲ့အဓိကအကြောင်းအရင်းကို သိလိုက်ရတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ရှက်မိတယ်။မိဘတစ်ယောက်က အဲ့လိုပြောလာတဲ့အခါ အစ်မမှာရွေးချယ်ရခက်နေခဲ့မှာ။
အဲ့ဒါတွေကိုမသိခဲ့ဘဲ၊ကျွန်မကိုသိပ်ချစ်လွန်းလို့ အဘက်ဘက်ကဖိအားတွေကြားကနေ ကျွန်မအနားကပ်တွယ်နေခဲ့တာတွေကို မသိခဲ့ဘဲ အစ်မနာကျင်ရစေမယ့် စကားတွေကိုပဲရွေးချယ်ပြောခဲ့ပြီး စိတ်ဆင်းရဲမှုတွေထပ်ပေးခဲ့မိလို့ ကျွန်မအနူးအညွတ်ကို ထပ်တောင်းပန်ပါတယ်အစ်မရယ်။

ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ဘယ်လိုမှရှေ့ဆက်လို့မဖြစ်တော့ဘူး။ဒါ့ကြောင့်မို့လို့ အစ်မဘေးမှာရှိနေတဲ့အဲ့ဒီလူနဲ့ပဲ သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ပါတော့။ကျွန်မကိုမေ့လိုက်ပါ။
ဒီစာအစ်မလက်ထဲကိုရောက်သွားပြီဆိုရင် အစ်မရဲ့ဘဝထဲကနေ ကျွန်မအပြီးအပိုင်ထွက်သွားပြီးပါပြီ။

ဒီတစ်ခါတော့ ကျွန်မတို့တကယ်လမ်းခွဲပါပြီ။ဒီမြို့ကိုကျွန်မပြန်ရောက်လာခဲ့လို့ လမ်းမှာမတော်တဆတွေ့ခဲ့ရင်တောင် ကျွန်မကိုမသိသလိုပဲကျော်သွားပါ။အခုကစပြီး ကျွန်မလည်း အဲ့ဒီလိုလုပ်တော့မှာမို့လို့။မပတ်သက်ချင်တော့လို့ ထွက်သွားတာမို့လို့ ဘယ်ကိုမှလိုက်မရှာပါနဲ့။
ကျွန်မကို အစ်မလိုက်ရှာနေတယ်ဆိုတဲ့သတင်းကြားမိရင် အဲ့ဒီနေရာမှပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပစ်မှာမို့လို့ ထပ်တွေ့ဖို့မကြိုးစားပါနဲ့တော့။

အရာအားလုံးအ‌တွက် ကျေးဇူးအများကြီးတင်ပါတယ်။အစ်မနေလွှာယိမ်း။

တေးထပ်နရီ

ဆုတောင်းခွင့်သာ ရမည်ဆိုလျင်....Onde histórias criam vida. Descubra agora