အခန်း(၉)

270 14 0
                                    

ကတောင်

"Morning လွန်း ထတော့နော်" မနက်ခင်း‌လေးမှာ ဒီအမျိုးသမီးလေးကိုယ့်အနားမှာရှိတယ်ဆိုတဲ့ ခံစားချက်က ကောင်းလိုက်တာ။

"အွန်း ထပြီ ဒါပေမဲ့ တစ်ခုကျန်သေးတယ်"

"ဘာများလဲ" စာပြန်ပို့လာသည်။

"Morning kiss လေ"

"အတတ်လေး "

"bye နော် တို့ဆေးရုံသွားရအုံးမယ် "

"ဟုတ်" 

နေ့တိုင်းသာ ဒီလိုလေးနိုးထရရင် အားဆေးမလိုပဲ ‌တစ်နေ့လုံးလန်းဆန်းနေမယ် ထင်သည်။ အတန်းတက်ဖို့ပြင်စရာရှိတာပြင်ပြီး ဖူးတို့ကိုစောင့်နေလိုက်သည်။ ပြီးတော့ theatre ထဲကိုအတူတူသွားလိုက်သည်။

"ဟဲ့ လွန်း နင်မျက်နှာပြုံးစိစိနဲ့ဘာဖြစ်နေတာလဲ "

"ငါ အန်တီနဲ့ရည်းစားဖြစ်သွားပြီဟ"

" ငါပြောပါတယ် နင့်အန်တီကလည်း နင့်ကိုသဘော‌ကျနေတယ်ဆိုတာ"

" ‌ဟီး "

" ‌အူမြူးနေတယ် ငါ့နှယ့်"

အချစ်ဆိုတာထူးဆန်းတယ်မလား။ ဘယ်နေရာကြည့်ကြည့်ပန်းတွေပွင့်နေတယ်ဆိုတဲ့ခံစားချက်လေ။ တွေးမိတိုင်း ရင်ထဲမှာ ပူနွေးလာတဲ့ခံစားချက်လေးက မဆုံးမရှိအောင်ပဲ လိုချင်နေမိတာ။
ထိုအမျိုးသမီးနဲ့တွေ့မှ ဒီခံစားချက်မျိုးခံစားခဲ့ရတယ် ဒီထက်စောစောတွေ့ခဲ့ရင်ကောင်းမယ်...

"ဟယ်လို လွန်းကလေး ထမင်းစားပြီးပြီလား"

"မစားရသေးဘူး အန်တီ အတန်းလွတ်တာနဲနဲနောက်ကျသွားလို့ အခုမှစားမလို့ ကန်တင်းရောက်နေတာ"

"ဒါဆို ခဏစောင့် တို့အခုလာခဲ့မယ်"

"အာ အန်တီပင်ပန်းလိမ့်မယ် မလာလည်းဖြစ်ပါတယ်"

"တို့ ရောက်တော့မှာနော် ဒါပဲ "

အန်တီကတော့ တကယ့်စိတ်မြန်လက်မြန်ပါပဲ။

"အန်တီ "

လက်လှမ်းပြပြီး အော်ခေါ်လိုက်သည်။ မိုးပြာရောင် ချိတ်ထမီနဲ့ အကျီကလည်း မိုးပြရောင်ဗြောင်လက်တိုအကျီလေးကိုမှ ရိုးရိုးရှင်းရှင်းလေးနဲ့ကြည့်မဝနိုင်အောင်ပဲ။
အပေါ်က ဂျူတီကုတ်တောင်မချွတ်ရသေးပုံထောက်ရင် ဆေးရုံကနေ အပြေးလာခဲ့ပုံရသည်။

သို့ အကြင်သူ...Where stories live. Discover now