ဒီဇာတ်လမ်းသည်တောင်ပေါ်မြို့ကို အဓိကထားပြီး2014ခုနှစ်ကို အခြေံထားသောကြောင့် ယခင်နှင့်တိုက်ဆိုင်မှုမရှိခဲ့လျှင် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါကြောင်းမော်ဒယ်သရုတ်ဆောင် တစ်ယောက်ရဲ့ဘဝက လူတွေထင်ထားသလောက်မလွယ်ကူခဲ့ဘူး၊ အဲ့သလောက်ခက်မယ်မှန်းသာသိခဲ့ရင် ကျော့ရှင်းကြွေ တို့များ အနုပညာလောကထဲကို ခြေစုံပြစ်ဝင်ဖို့မပြောလေနဲ့ ခြေသန်းလေးတစ်ခြောင်းတောင် ထောင်မိမည်မထင်ပါလေ။
"ယား... ငါတစ်ကယ်စိတ်ကုန်နေပြီ၊ အခုမှအိမ်ပြန်ရောက်တာ တစ်နာရီတောင်မပြည့်သေးဘူးလေဟာ"
မနက်၈နာရီ အပြင်သို့သွားကာတစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်လိုအပ်သည့် အသုံးဆောင် ပစ္စည်းများထွက်ဝယ်၍ မြို့အနှံ့လှည်ပတ်ပြီး ယခုပြန်ရောက်ချိန်မှာညနေ၃နာရီပင်၊ တစ်နေကုန်ပင်ပန်းထားသမျှ ကုတင်ပေါ်ပြစ်လဲတော့မည့်ဆဲဆဲတွင် ဖုန်းတစ်ကောဝင်လာ၏၊
"မနက်ဖြန်အမှီရိုက်ဖို့အတွက် ခရီးထွက်စရာရှိလို့ ရိုက်ကွင်းကိုအမှီလာခဲ့ပါတဲ့" လေ၊ ဒါကကြွေပထမဆုံးသရုတ်ဆောင်ရမည့် ဇာတ်ကားပင်၊ မော်ဒယ်လောကမှာကျင်လယ်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ ဒီ့ထက်မကပိုအောင်မြင်စေရန် ဇာတ်ကားထုတ်ရိုက်ခြင်းသာ ဒါတွေကခနထားပါ၊
ယခုက ဘယ်ကိုခရီးထွက်မလဲ ဘယ်နှရက်ခရီးလဲ ဘယ်အချိန်ထွက်မှာလဲ ဆိုတာမေးမလို့ကို၊ ကိုယ်ကတစ်ခွန်းမှတောင်မပြောရသေးပါဘဲ သူ့အရဇွတ်ပြောပြီးဖုန်းချသွားသော ဂ်ာရီး(ဒါရိုင်တာ)အား၊ ကြွေဒေါသဖြစ်နေခြင်းပင်။
"ဟင်း... တော်တော်မလွယ်ပါလား ငါ့ဘဝကြီးက"
တစ်ကယ်ကိုပင်ပန်းပါသည်၊ ပရိပ်သတ်တွေအမြင်မှာတော့ ပြီးပြည့်စုံပြီးလှပတဲ့ လိုတရမော်ဒယ်မင်းသမီးတလက်ဖြစ်တဲ့ ကျော့ရှင်းကြွေ က၊ ဒီလိုအလုပ်တွေနဲ့ပဲ့ကျင်လှည်နေရတာကို ဘယ္သူသိမွာလဲ၊ အားလပ်ချိန်ရယ်လို့ပင် မရှိလောက်အောင် အလုပ်တွေနဲ့ပဲ့တစ်နေ့တာကို ကုန်ဆုံးရသည်လေ။
တစ်ယောက်ထဲညည်းညူကာဖြင့် ပေါ့ပါးမည်ဟုထင်သည့် အဝတ်အစား သုံးလေးစုံအား ထည့်လိုက်ကာ၊ ရိုက်ကွင်းသို့သွားရန်ပြင်၏၊
YOU ARE READING
ကျမချစ်သူ တောင်ပေါ်သူ [က်မခ်စ္သူ ေတာင္ေပၚသူ]