21

1.3K 114 7
                                    

Unicode

ရှောင်းကျန့်က ယွီပင်းကို Miland ကိုလွှတ်ထားတာမို့ တစ်ယောက်တည်း အလုပ်တွေပုံနေတယ်။
အရင်က ယွီပင်းကူပေးတဲ့ Proposal အသေးစားလေးတွေကအစ ရှောင်းကျန့် လတ်မှတ်ထိုးပေးနေရတယ်။
Miland ကယွီပင်းကို မေဟွားကိစ္စစုံစမ်းဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်စေတယ်။
ဒီဘက်မှာတော့ ယွီပင်းကို US မှာ အလုပ်တစ်ခု ခိုင်းထားတယ်လို့သာ သတင်းလွှင့်ထားတယ်။

မေဟွားရဲ့ အရှုပ်ထုပ်ကို စုံစမ်းရသည်မှာလည်း မလွယ်ကူ။
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို မှန်းစပြီးသာ စုံစမ်းနေရတာမို့ သိပ်ပြီးရှေ့မရောက်ဖြစ်နေတယ်။
ဒါပေမဲ့ ယွီပင်းရဲ့ ကျွန်တော့်ကို ယုံကြည်လိုက်ပါဆိုတဲ့စကားကြောင့် ရှောင်းကျန့် စိ‌တ်အနည်းငယ် အေးရတယ်။
ဖြစ်နိုင်သလောက် မြန်မြန်သိရလေ ကောင်းလေပဲမို့ သူရော ယွီပင်းရော စိတ်ရောလူပါ နှစ်ထားရတယ်။

ရုံးဆင်း‌တော့လည်း အလုပ်ပုံကြီးက အိမ်အထိ  အတူတူပါလာတယ်။
အလုပ်ပုံကြီးနဲ့ အတူ မေဟွားကိစ္စ စုံစမ်းဖို့ Information တွေလည်းပါတယ်။
အလုပ်တွေများ‌နေတဲ့ကြားက
သည်းညှာ မျက်၀န်းတွေ နီနေတာမြင်တော့ စိတ်ပူရပြန်တယ်။

"သည်းညှာ.. နေမကောင်းဘူးလား"

"ကောင်းပါတယ် ကိုကို.."

"ဂရုစိုက်နော်.. သည်းညှာ။
ကိုကို အလုပ်တွေ မပြီးသေးလို့ ဆက်လုပ်လိုက်အုံးမယ်.. အိပ်နှင့်နော်..ရွှတ်"
နဖူးကို နမ်းရင်း ပြောကာ အလုပ်စားပွဲမှာ တဖန်အလုပ်ပြန်ရှုပ်နေတဲ့ ကိုကို့ကို ရိပေါ် ငေးငေးလေးသာကြည့်နေမိတယ်။

ညနေကလည်း ထမင်းစားတော့ ကိုကိုက ဖုန်းကြည့်ရင်း အလုပ်ရှုပ်နေတယ်။
အခုလည်း အလုပ်စားပွဲကို ပြန်ရောက်သွားပြန်ပြီ။

အရင်က ကိုကိုမချစ်တဲ့ ရိပေါ်ဘ၀ကို ပြန်ရောက်သွားသလိုပဲ။
ကိုကို စပြီး စိမ်းကားလာပြီနဲ့တူပါတယ်။

အတွေးဆိုးတွေနဲ့အတူ အရမ်းပင်ပန်းနေပြီမို့ ရင်ဘတ်ထဲက အောင့်တက်လာတယ်။
ဆေးလည်း သောက်ချင်စိတ်မရှိတာမို့ စောင်ကိုခြုံပြီးသာ ရင်ဘတ်အအောင့်သက်သာအောင် ကွေးကွေးလေး အိပ်နေမိတယ်‌။
ခေါင်းအုံးပေါ် ခေါင်းချလိုက်တော့ မျက်ရည်တွေဟာ ခေါင်းအုံးငယ်ပေါ် အပြေးအလွှားခုန်ဆင်းတယ်။
အောင့်တက်နေတဲ့ ရင်ဘတ်ကို ဖိိထားရင်း တိတ်တိတ်ကလေးသာ ကြေကွဲနေမိတော့တယ်။

It's You - 바로 너 - ReuploadWhere stories live. Discover now