[အရင်ရေးထားတာက timelineတွေ ရှုပ်နေလို့ ပြင်ပြီးပြန်တင်တာပါရှင်TT]
"ထွက်မသွားပါနဲ့... မကောင်းဘူးလားဟင်..."
"မောင်ကပိုကောင်းပေးပါ့မယ်... နော်..."
"အဲ့ဒီလိုမလုပ်ပါနဲ့ ...ကို..."
"မောင့်ကိုပြောပြလေ... မပြောပြရင် မောင်က ဘယ်လိုလုပ်ပြီး..."
ခင်ဗျားတို့သိလား။ ပူနွေးနေတဲ့ဖန်ခွက်ထဲကို အေးစက်တဲ့ရေတွေ လောင်းချလိုက်ရင် ဖန်ခွက်က အပိုင်းပိုင်းအစစ ကျိုးပဲ့သွားတတ်တဲ့အကြောင်းလေ...။ ဘာလို့ဆို အအေးဓာတ်ဟာ အပူဓာတ်ကို လက်မခံနိုင်သလို အပူဒဏ်ကလဲ အအေးကို ငြင်းပယ်ခဲ့တာမို့လို့...အဆုံးသတ်ရလာဒ်က ပျက်စီးခြင်းသုံးပါးပဲ။ ဒါက ရူပဗေဒသင်ခန်းစာမဟုတ်တဲ့ ကျွန်တော့်ရဲ့လက်တွေ့ပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဗလောင်ဆူနေတဲ့ နှလုံးသားထဲ အေးစက်တဲ့ရေတွေဝင်လာတဲ့အခါမှာ အချွန်နဲ့ထိတွေ့သွားတဲ့ ပူစီဖောင်းတစ်လုံးလို ပြိုကွဲကြေမွသွားတယ်။ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ကုတ်အင်္ကျီကို မရဲတရဲ လက်ညိုးနဲ့လက်မသုံးကာ ဆွဲထားမိပြီး ကျွန်တော့်ကို ဆွဲဖယ်ပစ်ဖို့လောက်အထိ မရက်စက်ဖို့ တိတ်တဆိတ်မျှော်လင့်နေမိခဲ့တယ်။
အစ်ကိုတစ်ဖြစ်လဲ... ကျွန်တော့်ရဲ့ ဟီဆွန်း...
အေးစက်တဲ့ရာသီဥတုမလို့ နေရာတိုင်း နှင်းတွေဖွဲဖွဲလှုပ်ကျနေတယ်။ ကျွန်တော့်ရဲ့အစ်ကိုဟီဆွန်းဟာ အအေးဒဏ်ကို တကယ်မခံနိုင်ဘူး။ သူ့ရဲ့နီရဲနေတဲ့နှာခေါင်းတွေက ပြတ်သားနေတဲ့ခပ်တင်းတင်း သူ့မျက်နှာထက်စာရင် အရမ်းကိုမှ ချစ်ဖို့ကောင်းနေခဲ့တယ်။ ကျွန်တော်သူ့မျက်နှာကို အရင်လို ခပ်ဖွဖွထိတွေ့ပြီး နွေးထွေးပေးချင်တယ်။ အလှဆုံး သေသပ်ပြီးလက်ရာမြောက်တဲ့ သူ့နှုတ်ခမ်းတွေကို ကျွန်တော့်နှုတ်ခမ်းတွေနဲ့ဖိကပ်ထားချင်တယ်။ ပြီးရင် လူဆိုးမလုပ်ပါနဲ့ ကျွန်တော့်အသည်းကို ဒီလောက်ပဲခွဲရင် လုံလောက်ပြီမို့လားလို့ ခပ်အေးအေးချော့မြူချင်တယ်။
ဒါက ဒီဇင်ဘာလေ။ အသည်းကွဲဖို့က အရမ်းကို အဆင်မပြေဖြစ်တဲ့လမလား။ ခရစ်စမတ်ရှိတယ်။ လက်ဆောင်တွေရှိမယ်။ လူတိုင်းကပျော်ရွှင်နေကြမှာ။ ကျွန်တော်က အစ်ကို့အကြောင်းကိုတွေးပြီး တိတ်တိတ်ကလေးငိုမနေချင်ပါဘူး။ အစ်ကိုက အရမ်းရက်စက်တဲ့လူဖြစ်နေမှာ။ ကျွန်တော့်ရဲ့အစ်ကိုက တကယ်ပဲ အဲ့ဒီလိုလူမဟုတ်ဘူးမလားဟင်။
YOU ARE READING
လာဗန်ဒါတို့အိပ်တန်းတက်ခဲ့တယ်
FanfictionLee Heeseung × Sim Jaeyun ချစ်သူနမ်းဖို့ ပျိုးခဲ့တဲ့ပန်းတွေ... ဘယ်တော့မှ မသေဆုံးနိုင်ဘူးတဲ့။ သူတို့က ခဏတာ အိပ်တန်းတက်သွားကြရုံပဲ။