ကျေးငှက်သံတို့နဲ့သာယာပြီးနေသာတဲ့တနင်္ဂနွေနေ့ပိတ်ရက်လေးမှာလူတိုင်းပျော်နေပေမဲ့ ချွဲဆူဘင်းကတော့မပျော်နိုင်တဲ့နေခဲ့ပါဘူး။ မပျော်နိုင်တဲ့အကြောင်းရင်းကတော့ အဖြေပြန်မပေးသေးတဲ့အနာဂတ်ရည်းစားကိုကိုက စိတ်ကောက်နေခြင်းသာဖြစ်တယ်။
ဖုန်းဆက်တော့လည်းမကိုင်၊စာတွေပို့တော့လည်း စာပြန်ဖို့နေနေသာသာ စာတွေကိုပါဝင်မဖတ်တဲ့အပြင်ဟိုနေ့က ဆေးရုံထိသွားကြိုတော့လည်း လူကိုမသိချင်ယောင်ဆောင်ကာ သူ့ဟာသူထွက်သွားလေသည်။အခုရက်ပိုင်း ဒယ်ဒီဖာသားရဲ့အလုပ်မဝင်ပဲ လက်ယားလက်ယားဆက်လုပ်မယ်ဆို မုန့်ဖိုးဖြတ်တော့မယ်ဆိုတဲ့ရာဇသံကြောင့် အလုပ်ဝင်နေရပြီမလို့ ယားလိုတောင်မကုတ်အားတာနဲ့ ကိုကိုစိတ်ကောက်ရတဲ့အကြောင်းရင်းကိုရှာကြည့်ပေမဲ့လည်းအခုထိအဖြေကထွက်မလာခဲ့ပါ။
ဒါကြောင့် ဒီနေ့တော့ ကိုကို့ဆီကစိတ်ကောက်ရတဲ့အကြောင်းရင်းကိုရအောင်မေးကာချော့မယ်တွေးထားတာကြောင့် ကိုကိုကြိုက်တဲ့မင့်ထုချိုကိုဝယ်ကာ ကိုကို့အိမ်ကိုသွားမည်ဖြစ်တယ်။တီတောင်......တီတောင်။ ဘဲလ်သံမြည်ပြီးခဏအကြာမှာပွင့်လာတဲ့တံခါး
"မတွေ့တာကြာပြီနော် ကိုကို နေကောင်း..."
စကားမဆုံးခင်မှာ ပြန်ပိတ်သွားတဲ့တံခါးကြောင့် ထိုတံခါးရှေ့မှာပဲ ကြောင်တောင်တောင်လေး ရပ်နေရုံသာတတ်နိုင်ခဲ့တယ်။
"ကိုကို တံခါးဖွင့်ပါဦး ကျွန်တော်နဲ့စကားပြောကြမယ်လေ။ ကိုကိုရေ ဘာလို့အတွေ့မခံပဲ အဆက်သွယ်ဖြတ်နေရတာလဲ။ စိတ်ကောက်နေတာလား ဘာလို့ကောက်တာလဲ အကြောင်းရင်းတော့ပြောမှပေါ့ ကိုကိုလို့!!!"
အပြင်ကနေတံခါးခေါက်ကာ အော်ခေါ်နေလဲ အထဲကတုပ်တုပ်မှမလှုပ်တာကြောင့် နောက်ဆုံးလက်နက်ကိုထုတ်သုံးဖို့သာပြင်ရတော့တယ်။
"ချွဲယောန်ဂျွန်း တံခါးလာမဖွင့်ဘူးလား!! တံခါးမဖွင့်ရင် မောင်ဒီတံခါးကိုရိုက်ချိုးပြီးဝင်လာမှာနော်!!"
ထိုအခါမှပွင့်သွားတဲ့တံခါးအပြင် တံခါးအနောက်ကနေပေါ်လာတဲ့ ပုံမှန်မဟုတ်ပဲတင်းမာနေတဲ့မျက်နှာလေး။