Unicode..
" မ ဘေဘီတို့ ကလေးယူရအောင်.."
" ဟင် ဘေဘီတစ်ကယ်ပြောတာလား။"
တော်ဝင်မှာအံ့ဩဝမ်းသာမှုဖြင့် မေးမိသည်။
" ဟုတ် မ နဲ့တူတဲ့ ဘေဘီသေးသေးလေးတွေ လိုချင်တာ မစောင့်နိုင်တော့ဘူး.."
ပါးနှစ်ဖက်ကို လက်နှင့်အုပ်ကိုင်ပြီး နားနားကပ်ပြောသည့်အခါနားရွက်သို့ တိုးဝှေ့လာသော အသံရှူသံဖွဖွတို့သည် နှလုံးသားကို ယားယံစေသည်။
" ဘေဘီလေးကွာ ချစ်ဖို့ ကောင်းလိုက်တာ.."
တော်ဝင်မှာမူအသည်းယားဟန် မိုးရိပ်ခါးကို ဆွဲညှစ်ပြီး မွှေ့ရမ်းလိုက်သည်။
နှစ်ဉီးသား၏ ရယ်သံ လွင်လွင်တို့သည်လည်း သာယာဖွယ်ထွက်ပေါ်လာလေတော့သည်။
....
" အဲ့တော့ သမီးက ကိုယ်ဝန်ဆောင်မှာပေါ့"
" ဟုတ် မေမေ"
" တော်ဝင်ကရော.."
" မ ကို ကိုယ်ဝန်မဆောင်ခိုင်းပါဘူး။ကိုယ်ဝန်ဆောင်သည်မိခင်တွေ ဘယ်လောက်နာကျင်ရလည်း မေမေလည်း သိမှာပါ။မကို မနာခိုင်းရက်ဘူး နာချင်နာ သမီးပဲ နာပါရစေ.."
" ဘေဘီရယ်.."
မိုးရိပ်လက်တို့ကို ဖွဖွဆုပ်ကိုင်လာသော လက်မှ ချစ်ခြင်းမေတ္တာတို့သည် ခန္ဓာကိုယ်အနှံ့စီးဝင်သွားသည်။
' နာကျင်ရသမျှ ကိုယ်ပဲ နာကျင်မှာမို့ မက ကိုယ့်ကို ပိုချစ်ပေးပါ။'
..
အဲ့ဒီ့နေ့နောက်ပိုင်း မကြာမီမှာပင် တော်ဝင်တို့နှစ်ယောက် နိုင်ငံခြားသို့ ထွက်လာခဲ့ကြသည်။
နားလည်တတ်ကျွမ်းသည့် ဆရာဝန်များနှင့် တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်ရန် စီစဉ်ကြသည်။
မိုးရိပ်မှာ ဆရာဝန်နှင့် တိတ်တဆိတ်ဆွေးနွေးနေသည်ကို တော်ဝင်ကတော့ မသိရှာပေ..။
အဲ့ဒီ့ဆရာဝန်သည် လိင်တူချစ်သူများ၏ ဘဝကို စာနာနားလည်စွာ အစစအရာရာကူညီဖြေရှင်းပေးနေသည့် ပရဟိတဆရာဝန်တစ်ယောက်ဖြစ်သည်။မြန်မာနိုင်ငံသို့လာစဉ် မိုးရိပ် tourist လုပ်ဖူးသဖြင့် မိုးရိပ်နှင့် သိကျွမ်းနေလေသည်။
YOU ARE READING
ပြင်ဆင်ခွင့်လေး ပေးသနားပါ...( complete)
RomantizmEdit - ဖြစ်ရပ်မှန်ဟု ဆိုသော်လည်း နောက်ပိုင်းတွေ ကွဲလွဲနိုင်သည်။ ဖြစ်ရပ်မှန်က ဘယ်လိုမှန်းမသိပင်မယ့် ကိုယ့်ဇာတ်ကောင်တွေကို ပေါင်းစေချင်တယ်။