အပိုင်း ၉

301 29 1
                                    

ရွာလူကြီး၏အိမ်ဝိုင်းတွင်းမှာဖြစ်သည်...

ဖုန်တွေတထောင်းထောင်းထနေတဲ့အိမ်ဝိုင်းထဲမှာ ထန်းလျှောဖျာတွေ ခင်း‌ပေးထားလို့သာတော်သေးသည်...

ရွာမှာရှိသမျှ လူကြီးလူငယ် ကလေးပါမကျန်လူစုပေးကြဖို့ မနက်ပိုင်းကတည်းက ဆော်သြထားတာကြောင့် မကျန်းမမာလူကြီးတွေကလွဲလို့ တစ်ရွာလုံးသူကြီးအိမ်ကိုရောက်နေကြသည်..

ရွာလူကြီးအပါအဝင်  ရပ်မိရပ်ဖတွေနဲ့အတူခုံမှာထိုင်နေတဲ့လူဆီအကြည့်ရောက်သွားတော့ ဝလုံးနှာခေါင်းလေးရှုံ့မိသွားသည်...

ရေနွေးကြမ်းသောက်နေတာတောင် ဘာလို့ဒီလောက်ကြည့်ကောင်းနေမှန်းကိုမသိဘူး...!

"အဟမ်း..!"

နှုတ်ခမ်းမွှေးကားကားနှင့် ရွာသူကြီးအသံကြောင့် ဆူညံနေသော လူအုပ်မှာတိခနဲအသံတိတ်လို့ ပြောလာမဲ့စကားကို နားထောင်နေကြသည်..

ငြိမ်ကျသွားတဲ့လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လို့ ရွာလူကြီးက မတ်တပ်ရပ်သည်...

"ခုလိုခေါ်လိုက်ရတဲ့အဓိက အကြောင်းအရင်းကတော့ အားလုံးသိပြီးဖြစ်တဲ့ ရွာကိုကျောင်းဆရာအသစ်ရောက်လာတဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ‌ဆွေးနွေးစရာလေးတွေရှိနေတာကြောင့်ပါ..ဆရာလေးတို့.."

ရွာလူကြီးကခွင့်ပြုပေးလိုက်တာနဲ့ နှစ်ယောက်သားထရပ်ကာ ရှေ့ကိုထွက်လာပုံက ရိုရိုကျိုးကျိုး..

"ကျွန်တော်က အတန်းကြီးတွေကိုတာဝန်ယူမဲ့ ဆရာမိုးသားလွင်ပြင်ဖြစ်ပြီး ဒီဘက်ကတော့ မူလတန်းကို တာဝန်ယူမဲ့ ဆရာတည်ငြိမ်ဦးဖြစ်ပါတယ်..."

တည်ငြိမ်ဦး~~ဘယ်သူက နာမည်နဲ့လူနဲ့မလိုက်ဘူးပြောမှာမို့လို့လဲ...!

တကယ့်ကိုနာမည်အတိုင်း ကလေးတွေကျောင်းမတက်ချင်တဲ့ပြသနာတွေကို မိဘတွေနဲ့ရောကလေးတွေနဲ့ပါ အမေးတစ်ခွန်းအဖြေတစ်ခွန်းဖြင့် အေးအေးဆေးဆေးဆွေးနွေးနေပုံက တည်တည်ငြိမ်ငြိမ်...

ဝလုံးလို ကလေးသံပေါက်မနေဘဲ ယောကျာ်းပီသတဲ့အသံခပ်ရှရှကလည်းနားထောင်နေတဲ့လူတွေကို ဆွဲဆောင်နေသလိုမျိုး...

ထိုလူစကားတစ်ခွန်းပြောလိုက်တိုင်း ငြိမ်သက်နေတတ်တဲ့လူအုပ်ကြီးကြောင့်ရုတ်တရက်ဗိုက်ရစ်လာသည့် ဝလုံးမှာ အီးပေါက်ချင်တာကိုမနည်းအောင့်ထားရသည့်အဖြစ်...

"အရေးထဲမှကွာ~~"

"သားလုံးလေး ဘယ်တုန်းဟဲ့~~"

"အနောက်နား အမေ့..''

ထသွားလို့ကလည်းမဖြစ်တာကြောင့် အမေ့ကိုတိုးတိုးတိတ်တိတ်ပြောပြီး ဖင်လေးရွေ့ကာရွေ့ကာ နောက်ဆုတ်ဆုတ်နေရသည်.. ထိုင်ကတည်းက ဘေးဆုံးနေရာကိုရွေးထိုင်မိလို့တော်သေးသည်...

အားလုံးထဲမှာ ဂနာမငြိမ်တဲ့သူ့ကိုထိုလူကလည်းသတိထားမိဟန်တူသည်.. မျက်ဝန်းနက်နက်တွေက စကားပြောရင်းသူ့ဆီရောက်ရောက်လာသည်...

ငြိမ်ဦးစကားသာပြောနေရပေမဲ့ မျက်လုံးတွေက လှုပ်စိလှုပ်စိဖြစ်နေတဲ့ ဆံပင်လိမ်လိမ်နဲ့ကောင်လေးဆီသာ တဝဲလည်လည်...

ဝိုင်းထဲဝင်လာကတည်းက အသံလေးတဆာဆာနဲ့ ဒီကောင်လေးက လူချစ်လူခင်သိပ်များပုံပင်... ဆံပင်လိမ်ကောက်ကောက်လေးတွေကို အထက်ကိုမရမကစုချည်ထားတာကြောင့် မမှီတဲ့ဆံပင်လေးတွေက ဂုတ်ပေါ်ဖွာကျနေသေးသည်...

မျက်နှာဝိုင်းဝိုင်းလေးပေါ် တစ်စွန်းတစ်စကျနေသည့် ဆံပင်လေးတွေရယ် ပါးနှစ်ဖက်မှာလည်း တွေ့စကလို ပါးကွက်ဝိုင်းဝိုင်းကြီးတွေနဲ့ ဒီကောင်လေးက အတော်လေးချစ်မွှေးပါသည်...

ကိုယ်တိုင်တောင်သတိမထားမိပါဘဲ လူတစ်ယောက်ကို သေချာကြည့်ဖူးတာ ပထမဆုံးအကြိမ်ပင်..
သူစကားပြောနေတုန်း လှုပ်စိလှုပ်စိဖြစ်လာတဲ့ကောင်လေးက မျက်နှာလေးရှုံ့မဲ့လို့ ဘေးနားက အမေဖြစ်ဟန်တူသည့် အဒေါ်ကြီးကို တီးတိုးပြောကာ အနောက်ကိုတရွတ်တိုက်ကလေး ဆုတ်ဆုတ်သွားတာကြောင့် သူကြည့်နေတော့ ငြိမ်သွားသည်..

စကားပြောတဲ့ဆီ အာရုံပြန်စိုက်မိတော့ လှုပ်လှုပ်ရွရွဖြစ်သွားကာ နောက်ဆုတ်နေတာကြောင့် မသိဟန်ဆောင်ကာ ဆက်ဆွေးနွေးနေလိုက်သည်..

သဘာဝကိုချုပ်တီးထားရသည့်ဝလုံးမှာ စကားပြောနေတဲ့လူကိုကြည့်လိုက် နောက်ကိုရွှေ့လိုက်နှင့် လူအုပ်ရဲ့ နောက်ဆုံးကိုရောက်လာပြီဖြစ်တာကြောင့် သက်ပြင်းလေးခိုးချရသေးသည်...

"နောက်ဆုံးမှာဆိုတော့ တိုးတိုးလေးပေါက်ရင် ဘယ်သူမှသိမှာမဟုတ်ပါဘူး~~"

ထိန်းချုပ်ထားရလို့ ချွေးပါပြန်နေပြီဖြစ်တဲ့ဝလုံးက ကိုယ့်ဘာသာတီးတိုးရေရွတ်ကာ ခေါင်းတညိမ့်ညိမ့်နှင့် လက်သီးဆုပ်ကလေးတွေဆုပ်လို့ အသံမထွက်အောင် ဖြေးဖြေးချင်း~~

"ပီ~~~~~~~~~!"

"ဟင်~"

"ဝလုံးလေး"Where stories live. Discover now