🧡အတိတ်မေ့ ခင်ပွန်း🧡Part 13
"ယုသော် ငါ့အတွက် ကော်ဖီဆိုင်တစ်ဆိုင်စီစဉ်ပေး..."
"ဘာလုပ်မလို့လဲ သခင်မ..."
"ချမ်းကို ပေးမလို့..."
"ကိုဒီးကိုလား...."
"ဟုတ်တယ်လေ ပြီးရင် ငါသူဠေးမလုပ်မလို့ တစ်ရက်တစ်ရက် အပြင်မထွက်ရတာ ပျင်းတယ်...ငါ့မှာ အလုပ်လေးရှိရင် တရားဝင်ထွက်ခွင့်ရပြီ ကော်ဖီဆိုင်ဆိုပြီး ကျန်တဲ့နေရာတွေလျှောက်သွားပစ်မယ်..."
ယုသော်ကတော့ ကလေးလေးလို မျက်လုံးတွေ တောက်ပနေတဲ့သခင်မကြောင့် ခေါင်းရမ်းမိသည်
"အခုလည်း ကျွန်မနဲ့အတူ အပြင်ထွက်နေတာဘဲမဟုတ်ဘူးလား..."
"မတူဘူးလေဟာ နင်နဲ့ဆို နေ့တစ်ပိုင်းလောက်ဘဲ အချိန်ရတာကို..."
"ဟုတ်ပါပီ သခင်မရယ် ကိုဒီးကိုက ဘယ်လိုအကြောင်းပြချက်နဲ့ ကော်ဖီဆိုင်ပေးမှာလဲ..."
"အော် လွယ်ပါတယ် လက်တွဲပြီးအလုပ်လုပ်လို့ လက်ဆောင်ပေးတာလို့ပြောပေးလိုက်..."
ယုသော် သခင်မရဲ့အကြောင်းပြချက်ကြီးအား ပါးစပ်ဟသွားသည်
ဘယ်company ကအလုပ်တွဲလုပ်ရုံနဲ့ ကော်ဖီဆိုင်တစ်ဆိုင်လုံး လက်ဆောင်ပေးလဲလို့....
အကြောင်းပြချက်ကြီးက နည်းနည်းလေးမှ သဘာဝဆန်မနေဘူးနော်.....
ယုသော်လည်း လေ့ကျင့်နေတဲ့သူတွေကို ကြည့်နေတဲ့ သခင်မအား ဖိတ်စာတစ်ဆောင်ထုတ်ပေးလိုက်သည်
ပန်ပန် ယုသော် ကမ်းပေးတဲ့ ဖိတ်စာအားယူကာ မျက်မှောင်ကြုံ့သွားရသည်
"အချိန်ကျပြီလား..."
"ဟုတ်ပါတယ် သခင်မ..."
ပန်ပန် သက်ပြင်းချကာ ဖိတ်စာကိုဖွင့်လိုက်သည်
တစ်နှစ်ကိုမှ တစ်ခါသာ ပြုလုပ်တဲ့ ဂိုဏ်းပေါင်းချုပ် အစည်းအဝေး.....
သူမမြို့တို့တွင် ဂိုဏ်းလေးခုဟာ အကြီးဆုံးဖြစ်သည်
နဂါးနက် /ဖီးနစ်/ကျားသစ်ဖြူ/မြွေပွေး ဒီဂိုဏ်းလေးခုဟာ အကြီးဆုံးဖြစ်ပြီး ကျန်ဂိုဏ်းငယ်များလည်းရှိသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romantizmစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....