EP (1)

454 26 3
                                    

Zawgyi //




Class 2_4ခန်းသို့ ကျောင်းသားတစ်ဦးဝင်လာသည်။ သူ၏ပုံစံမှာ မျက်နှာတင်း၍စူးရှသောမျက်လုံးများကိုပိုင်ဆိုင်ထားသည်။ ကျောင်းဝတ်စုံပေါ်တွင်ဟူဒီအနက်ကိုထပ်ဝတ်ထားသည်။ ဆံပင်ပုံစံမှာအနောက်ကပ်၍ အရှေ့ကဘေးခွဲကိုဝိုက်ခွဲထားသည်။ ရှည်သောအရပ် တည်တင်းသောမျက်နှာထားနှင့် သူ့ပုံစံ၊သူ့ဆိုက်မှာ မိန်းကလေးများအကြိုက်တွေ့စေမည်။

" ဆရာ ဒီအတန်းရဲ့ကျောင်းသားသစ် "

ဆရာတစ်ဦးက အခန်းဝမှပြော၍ထွက်သွားသည်။

" ဪ ဝင်လာဝင်လာ "

အရယ်အပြုံးမရှိသောမျက်နှာနှင့် ဆရာ့ဘေးတွင် ဝင်ရပ်လိုက်၏။

" မိတ်ဆက်လိုက်ပါဦး "

" ဝမ်ရိပေါ်ပါ ကူညီပေးပါဦး "

တိုတိုပြတ်ပြတ်ပဲ မိတ်ဆက်လိုက်တော့ ဆရာကထိုင်စရာနေရာကိုပြပေးလိုက်သည်။

" ဟိုအစွန်ကနေရာလွပ်မှာ သွားထိုင်လိုက်နော် "

ခေါင်းသာညိတ်ပြ၍ သူထိုင်ရမယ့်နေရာဆီတန်းသွားသည်။ သူ့အနောက်ခုံကကျောင်းသားက သူ့အားမဲ့တဲ့တဲ့ကြည့်နေလိုက်လျင် ခပ်စူးစူးစိုက်ကြည့်ပြီး နေရာယူလိုက်သည်။

________________

အတန်းလွှတ်ချိန်တွင် တချို့ကျောင်းသားများ၏ ဆူညံသံများကို မကြားလို၍နားကြပ်တပ်ထားလိုက်သည်။ ထိုစဉ် သူ့နားကြပ်တစ်ဖက်အားဆွဲဖြုတ်လိုက်သည်ကို ခံစားလိုက်ရ၏။

" ဟေ့ကောင် မင်းကဒီနေ့မှအတန်းထဲစရောက်ပြီး ပုံစံကဒေါင့်မကျိုးပါလားဟ့ "

သူတို့မှာအဖွဲ့လိုက်ဖြစ်သည်။ အထက်တန်းဒုတိယနှစ်အတန်း၎မှ ကျောင်းလူမိုက်များဟုလည်း အများကသိထားကြသည်။ ဤအတန်းမှမည်သူမဆို သူတို့အဖွဲ့ကိုကြောက်ကြသည်။ တချို့ကျမတက်သာလို့မာန်လျော့ထားရခြင်းများလည်းရှိသည်။ သူတို့၏အနိုင်ကိုအခံရဆုံးမှာ စာအတော်ဆုံးကျောင်းသားလေးရှောင်းကျန့်ပဲဖြစ်သည်။ စာသင်ဆုရ၍ဒီကျောင်းမှာတက်ခွင့်ရသူမို့လည်း နိုင်စားခြင်းဖြစ်သည်။ ဒီအတန်းရောက်လာတဲ့ ဘယ်ကျောင်းသားမဆို သူတို့ကဖိထားကြခြင်းဖြစ်၏။

You've reached the end of published parts.

⏰ Last updated: Sep 20, 2023 ⏰

Add this story to your Library to get notified about new parts!

Bad Boy WANG" Where stories live. Discover now