အပိုင်း ၂၅။

1.1K 119 10
                                    


(U)

မျက်စိရှေ့ကမြင်နေရတဲ့ အိမ်ဖြူကြီးအား Baekhyun ငေးကြည့်နေမိသည်။ ဆေးရုံကဆင်းတော့ Hotelပြန်ရမယ်ထင်ပေမယ့် Baekhyunတို့ မသိတဲ့အိမ်တစ်အိမ်ဆီ ရောက်လာသည်။

"လိုက်ပို့ပေးလို့ကျေးဇူးပဲ ဂျောင်းဟို"

"ရပါတယ် သခင်လေး .. ‌အားရင် တစ်ရက်လာလည်ဖို့လည်း ကျွန်တော့်မိဘတွေပြောခိုင်းလိုက်ပါတယ်"

"ဟုတ်ပါပြီကွာ တစ်ရက်လာခဲ့ပါဦးမယ် .. ဒါနဲ့ မင်းပြန်ဖို့အတွက်အဆင်ပြေပါ့မလား"

"ရပါတယ် .. ဒီနားကနေနည်းနည်းလျှောက်သွားရင် taxiငှားလို့ရတယ်"

"ဟုတ်ပြီ ဂရုစိုက်ပြန်ဦး"

"ဟုတ်ကဲ့ပါ"

"Baekhyun .. ကိုယ်တို့လည်းအထဲ၀င်ကြရအောင်လေ"

"အာ ! ဟုတ်ပြီ ဂျောင်းဟို အားလုံးအတွက် ကျေးဇူးတင်တယ် ဦးလေး၊ အန်တီတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့နော်"

"ဟုတ်ကဲ့ပါ ခင်ဗျာ"

ဂျောင်းဟိုပြန်သွားတာကိုကြည့်ပြီးမှ Baekhyunနဲ့ Chanyeol လက်တွဲရင်း အိမ်သော့အားဖွင့်ပြီး အထဲ၀င်သွားကြသည်။ အိမ်ပုံစံကိုကြည့်ရတာ လူမနေတဲ့ပုံစံပေမယ့် တစ်အိမ်လုံးသန့်ရှင်းနေသည်။ ကြည့်ရတာ မကြာခဏ လာရှင်းလင်းပေးတဲ့ပုံစံအတိုင်းပင်။ 

ပရိဘောဂတွေကလည်း သူ့နေရာနဲ့သူရှိနေတာကြောင့် အိမ်ကရှင်းလင်းနေသည်။ အိမ်အပြင်အဆင်ကိုလည်း ညစ်ပေလွယ်တဲ့အဖြူရောင်ကိုသုံးထားပေမယ့် တော်တော်လေးကိုလှသည်။ စိတ်ကိုအေးချမ်းသွားစေသည်။

ဒါပေမယ့် Baekhyun သိချင်တာက ဒီအိမ်ကဘယ်သူ့အိမ်လဲဆိုတာကိုပင်။

"Hyung ကျွန်တော်တို့ Hotelမပြန်ဘဲ ဘာလို့ဒီကိုလာတာလဲ .. Hyungအနားယူမှဖြစ်မှာကို"

"ကိုယ်တို့ဒီမှာနေမှာလေ Baekhyun .. ဒါကိုယ့်အိမ် !"

"ဟမ် ?"

Baekhyun ကြောင်အသွားသည်။ Chanyeolကဘောစိဆိုတာပေမယ့် ဂျယ်ဂျူမှာပါအိမ်ပိုင်လိမ့်မယ်လို့ မထင်ထားမိပါ။ အတွေးထဲနစ်မြောရင်း Baekhyun တစ်စုံတစ်ခုကိုပါ ဆက်စပ်တွေးတောမိသွားသည်။

PARK BAEKHYUN [ COMPLETED ]Where stories live. Discover now