Part-1

413 21 2
                                    

ယခုဟာ နွေအကုန်မိုးအကူးဖြစ်လို့မိုးများမှာတဆွေဆွေနှင့်ရွာသွန်းနေတော့သည်။ မိုးအုံ့အုံ့မှိုင်းမှိုင်းတွေနဲ့မနက်ခင်းမှာ အိပ်ရာပေါ်မှာစောင်ခြုံပြီးကွေးနေရသည်က အကောင်းဆုံးပဲမဟုတ်လား။

"ဒေါက်...ဒေါက်...ဒေါက်"
တံခါးခေါက်သံနှင့်အတူ တံခါးဖွင့်၍ဝင်လာသော အမျိုးသမီးကြီးတစ်ဦး။ထိုအမျိုးသမီးကြီးကတော့ မည်သူမှမဟုတ် ခွန်းဟန်သာမေ၏တစ်ဦးတည်းသော မာတာမိခင်။ထိုအမျိုးသမီးသည် သူ့သမီးအိပ်နေသည့် အိပ်ရာဘေးစွန်းတွင် ထိုင်လိုက်ပြီး

"ခွန်း...သမီး ထတော့လေ ဒီနေ့သွားစရာရှိတယ်မဟုတ်လား တော်ကြာနောက်ကျနေဦးမယ်နော်"
ဂရုဏာသံအပြည့်ဖြင့် ခွန်းရဲ့ဆံပင်လေးအားသပ်ပေးကာ နှိုးလေတော့သည်။ထိုအခါမှ အင်းအင်းအဲအဲနှင့်နိုးလာသော ခွန်းဟန်သာမေ။

"အာ...မေကြီးကလည်းဘယ်ချိန်ရှိပြီလို့လဲ မိုးတောင်ကောင်းကောင်းမလင်းသေးတာကိုလာနှိုးနေတယ်"
မိုးအုံ့နေသည်ကို မိုးမလင်းသေးဘူးတဲ့လေ။

"ကဲ...ခွန်း မျက်လုံးလေးပွတ်ပြီးသေချာဖွင့်ကြည့်ဦး မိုးမလင်းသေးတာလား မိုးအုံ့နေတာလား ဆိုတာကို"
ခွန်းဟန်သာမေ ဘေးမှာရှိတဲ့ဖုန်းကိုယူပြီးအချိန်ကြည့်လိုက်တော့မှ

"ဟမ်...ဘယ်လို ၁၀နာရီတဲ့လား"

"အေးလေ...ဒါကိုပြောနေတာလေ ညည်းပဲမိုးတောင်ကောင်းကောင်းမလင်းသေးဘူးဆို"

"အာ...မားမားရေ နောက်မှကောတော့ ဒီနေ့၁၁နာရီချိန်းထားပါတယ်ဆိုမှ"

"အေးအေး လောတော့လည်းနင်ပဲ မြန်မြန်လုပ်ပြီး အောက်ဆင်းခဲ့တော့ ခွန်း"

"ဟုတ်ကဲ့ မားမား"

ဟုတ်သည် မားမား။ ခွန်းတို့မိသားစုမှာ မြန်မာပြည်ဖွားတရုတ်များဖြစ်ကြလေသည်။ ခွန်းမှာ အဖေ၊အမေနှင့် မောင်လေးတစ်ယောက်ရှိသည်။ ထို့ပြင် ခွန်းသည်အဖိုးအဖွားတွေတုန်နေအောင်ချစ်ခံရသော မြေးတစ်ယောက်ဖြစ်လေသည်။ အဖိုးအဖွား ပစားပေးထားသည်ကတစ်ကြောင်း၊ အိမ်မှာလည်း ကလေးဦးဖြစ်တာတစ်ကြောင်း ခွန်းသည် အလိုလိုက်အကြိုင်ဆောင်ခံရသောသူပင်။ ခွန်းတို့မိသားစုအသိုင်းအဝိုင်းသည် ချမ်းသာသည်ဟုပင်ဆို၍ရသည်။ ခွန်းသည် မိန်းမဖြစ်သော်ငြား မိန်းမလုံးဝမဆန်ပေ။ဒီလိုပြောလို့ ယောက်ျားအရမ်းဆန်သူလည်းမဟုတ်။ ယောက်ျားမဆန် မိန်းမမဆန် ကြားထဲကအနေအထားပင်။ အရပ်ကတော့တော်တော်ရှည်သည်ဟုပြောရမည်။ ၅ပေ၁၀လက်မဆိုတော့ တစ်ခါတစ်လေ ယောက်ျားလေးတွေကပါ မော့ကြည့်ရလေသည်။

A love so pureWhere stories live. Discover now